Ch-8

316 44 2
                                        

Uni

" ဆရာလူနာရှင်တစ်ယောက်ကဆရာ့ ကို တွေ့ချင်လို့ပါတဲ့ "

" အေး လွှတ်လိုက် "

Sehun ကျောင်းမသွားခင် အလုပ်တွေကို လက်စသက်နေတုန်း သူ့တပည့်လေးက ပြောလာတော့ ဘယ်သူမှန်းမသိပေမဲ့ ဝင်ခိုင်းလိုက်ရသည်။ အရေးပေါ်ဆိုရင် သူအတန်းချိန်ဖြတ်သင့်သည်လေ။

" ဆရာ "

Sehun မော့ကြည့်လိုက်တော့

" ......... "

" အပြင်မှာစောင့်နေ "

" ဟုတ်ကဲ့ ဆရာ "

Sehun သူ့တပည့်လေး အပြင်ထွက်သွားမှ

" ပြောပါ ဘာကိစ္စရှိလို့လဲ "

" သား "

" ကျွန်တော့်ကို သားလို့မခေါ်ပါနဲ့ ကျွန်တော်နာမည် Oh Sehun . နာမည် မခေါ်ချင်ရင် Dr.လို့ပဲခေါ်ပါ"

" Dr. က အရမ်းကို စိမ်းသွားပြီပဲ "

" ဘာပြောစရာရှိလို့လဲ ပြောစရာမရှိရင် ပြန်ပါ "

" တူလေး Jongin က သားကို အခုထိ "

" အတိတ်က အကြောင်းတွေပါ။ ကျွန်တော်သိစရာ မလိုဘူး ထင်ပါတယ် ။ အရေးကြီး ကိစ္စမဟုတ်ရင် ခွင့်ပြုပါအုံး ။ ကျွန်တော် သွားစရာရှိလို့ "

အခန်းတံခါးကို အသံကျယ်ကျယ်ဆွဲဖွင့်ကာ ထွက်သွားတဲ့ Sehun။

အပြင်က Dr.လေးတွေနဲ့ Nurse တွေတောင် လန့်သွားကြသည်။ တော်သေးတာပေါ့ လူနာခန်း‌နဲ့မနီးလို့။

အခန်းထဲမှာ ကျန်နေခဲ့တဲ့ အဒေါ်ကြီးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက် ပြီးတော့ ဘေးက ဦးလေးတစ်ယောက် ကတော့ မျက်နှာငယ်နဲ့ကျန်ခဲ့သည်။ Sehun လက်ထောက်လေးကတော့ ဘာမှမပြောဘဲ ရပ်ကြည့်နေသည်။ နောက်တော့ ရပ်နေတဲ့ အဒေါ်ကြီးတစ်ယောက်က

" Dr.လေး မင်းရဲ့ဆရာ ကို ဒါလေးပေးပေးပါနော် "

" ဟုတ်ကဲ့ပါဗျ "

Dr.လေးကတော့ ဘာမှမေးမြန်းချင်းမပြုဘဲ ယူထားလိုက်သည်။ သူ့ဆရာပြဿနာကို သူအတိမှမသိပဲ။

Sehun ဆေးရုံကနေ ဒေါသတကြီး ထွက်လာခဲ့မိသည်။ ဒါပေမဲ့ ဘေးကကြည့်နေရင်တော့ အဆင်ပြေနေတဲ့ပုံ။ စိတ်ထဲမှာ လောင်ကျွမ်းနေတာ သူကိုယ်တိုင်သိသည်။ ကားပါကင်ထဲက ကားပေါ်ရောက်မှ ပေါက်ကွဲတော့သည်။

The Legend Of Longing (အလွမ်းဒဏ္ဍာရီ)Donde viven las historias. Descúbrelo ahora