Uni
Kyungsoo Rond လှည့်ပြီးပြန်လာတော့ သူနောက်ထပ်ခွဲရမဲ့ Case က ထပ်ရှိနေသေးတာကြောင့် သူလူနာရဲ့ ဖြစ်စဉ်ကိုပြန်ဖတ်နေလိုက်သည်။ လူနာက ဦးနှောက်မှာ အကျိတ်ဖြစ်နေတာကြောင့် ခွဲစိတ်ဖယ်ရှားရန်ဖြစ်သည်။ ခနကြာတော့ ဒေါက်တာ အဆင်သင့်ဖြစ်ပြီ ဟုသော Nurse တစ်ယောက်လာခေါ်သောကြောင့် သူ့ကိုသူပြင်ဆင်ကာသူ operation ခန်းထဲသို့သွားလိုက်သည်။
" ဆရာ အဆင်ပြေ......"
" တော်တော့ မင်းတို့စိတ်ပူရမှာ ငါ့ကို မဟုတ်ဘူး လူနာကို "
Kyungsoo ပိတ်ဟောက်လိုက်တာကြောင့် သူ့ရဲ့လက်ထောက်ဆရာဝန်နှစ်ယောက်ငြိမ်ကြသွားသည်။ ဘာမှမစား မနားရသေးတဲ့သူ့ကို သူ့တပည့်တွေစိတ်ပူနေကြသည်ကို သိပေမဲ့ ။ သူ့အတွက်က ဒီလိုနေရက်များက ရိုးနေချေပြီ။ သူ့တပည့်ကို မျက်လုံးနဲ့ပဲကြည့်ကာ သူလက်ဆေးပြီး ခွဲစိတ်ဖို့စလိုက်သည်။ ဦးခေါင်းက ဖွင့်ရမည်ဖြစ်တာကြောင့် တော်တော်သတိထားရမည်ဖြစ်သည်။ Kyungsoo အတွက်ကတော့ ဒီလို Case တွေကိုအတွေ့ကြုံများပေမဲ့ သူ့ရဲ့လက်ထောက်လေးတွေကတော့ ဒုတိယအကြိမ်ဖြစ်တာကြောင့် စိတ်လှုပ်ရှားနေကြသည်။
.
.
.
.
.
.
.
အချိန်တစ်ခုကြာပြီးနောက်မှာတော့ သူတို့ခွဲစိတ်မှုဟာပြီးဆုံးသွားလေပြီ။ Kyungsoo ရဲ့လက်ထောက်ဆရာဝန်တစ်ယောက်ကတော့ လက်စသတ်ကာကျန်နေခဲ့သည်။ Kyungsoo ကတော့ သူ့ခွဲခန်းဝတ်စုံတွေကိုချွတ်ကာ သူ့အခန်းဆီသို့ပြန်လာခဲ့လိုက်သည်။ (ဆေးပညာဆိုင်ရာကို သေချာမသိတာကြောင့် Fic အမြင်နဲ့သာဖတ်ပေးပါဗျ)
Kyungsoo သူ့အခန်းတံခါးဆွဲဖွင့်လိုက်တော့.....
" F*** "
" ဟား ဟား ဟား...လန့်သွားမလား "
" Sehun!!!! "
" ဗျာ ဗျာ ဗျ ဟက် ရယ်ရတယ်ကွာ ဆရာဝန်လုပ်နေပြီး မင်းအရမ်းရိုင်းတာပဲ ဟား....ဟား ဟား "
" $&#$&$&$#$& "
Kyungsoo ရဲ့မိုးမွှန်အောင်ဆဲတာကို Sehun တစ်ယောက်ပြုံးပြုံးကြီးဆဲပြီးတဲ့အထိ နားထောင်နေလိုက်သည်။
" ကဲ ဆဲပြီးပြီဆိုတော့ မောသွားပြီမလား ထမင်းလာတော့ "
Kyungsoo Sehun ကိုမကြည် ကြည့် ကြည့်ကာ Sehun ယူလာပေးတဲ့ထမင်းကိုစားနေလိုက်သည်။ စိတခထဲကနေတော့ မေတ္တာပို့တာမပျောက်သေး။ တကယ့်ကောင် ခုနက အခန်းထဲဘာဝင်လုပ်နေတယ်ထင်လို့လဲ မီးအမှောင်ချထားပြီး အရိုးခေါင်းနဲ့ကစားနေတဲ့ Oh Sehun ရယ်ပါလေ။ ဘယ်လိုတောင် ဆော့စရာရှားလို့မှ အခန်းထဲမှာရှိတဲ့အရိုးခေါင်းကိုတောင် အလွတ်မပေးပေ။ အဲ့အရိုးက သူ့ခေါင်းကို စွတ်လို့ရရင် စွတ်ပြီး Kyungsoo ကို လိုက်စမှာမြင်ယောင်သည်။ ထမင်းစားရင်း အတွေးပေါက်လာကာ ဒေါသက ထက်ထွက်လာကာ Sehun ကို စားပွဲပေါ်က ဖိုင်နဲ့ပစ်ပေါက်တော့ Sehun က လျင်မြန်စွာရှောင်လိုက်လေသည်။ အဲ့တော့ အခန်းထဲဝင်လာတဲ့ Kyungsoo ရဲ့ လက်ထောက်လေး SeaungWoo ခေါက်မုန့်စားလိုက်ရသည်ပေါ့။ SeaungWoo က မသိချင်ယောင်ဆောင်နေတဲ့ သူ့ဆရာနဲ့ သူ့သူငယ်ချင်းကို စိတ်ဆိုးပေမဲ့လည်း ဘာမှမပြောဘဲ ထွက်သွားတော့သည်။ Sehun က SeaungWoo ထွက်သွားတော့ ခုနက ပစ်ပေါက်လိုက်တဲ့ ဖိုင်ကို ကောက်ကာ နေရာလွတ်တစ်ခုမှာတင်ထားလိုက်သည်။
ВЫ ЧИТАЕТЕ
The Legend Of Longing (အလွမ်းဒဏ္ဍာရီ)
Короткий рассказလမ်းခွဲခဲ့ပြီးနောက် ကိုယ်စီကိုယ့်လမ်းကိုလျှောက်ကြတဲ့အခါ.........
