Ch-14

295 34 2
                                        

Uni

6 လကြာပြီးနောက်.........

" Dr ညနေ 4 နာရီဆို operation ခန်းအားတယ်တဲ့ "

" ပြင်ထားလိုက် "

" ဟုတ်ကဲ့ Dr. "

ထွက်သွားတဲ့ သူရဲ့ဆရာက ကြောက်မက်ဖွယ်အေးစက်မှုကို ထုတ်လွတ်နေသယောင်။ ဆရာက သူတို့ဒေသဆီ ရောက်တာ မကြာသေးပေမဲ့ လူနာတွေ နဲ့ တစ်ခြား ဆရာဝန်တွေဆီက လေးစားမှုတွေနဲ့ကြောက်ရွံ့မှုကို တစ်ပြိုက်နက်ထဲရရှိထားသည်။ အေးစက်စက် ဆရာ့ပုံစံက သံပတ်ပေးထားတဲ့ စက်ရုပ်တစ်ခုလိုပင်။ အလုပ်တွေကိုသာ ဖိလုပ်တက်ပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ ဆရာက အပြုံးအရယ် လည်းမရှိပေ။
ရောက်တာကြာနေပေမဲ့ အခုချိန်ထိ သူတစ်ယောက်ထဲကိုသာ စကားပြောတဲ့ ဆရာဟာ သူ့အမြင်မှာ အထီးကျန်နေသယောင်။ ဒါပေမဲ့ ဆရာဟာ ဘာကိုမှ ဂရုမစိုက်ဘဲ သူလုပ်ချင်တာကိုသာ ခေါင်းထဲထည့်ထားသည်။ အခုလည်း သေချာတာကတော့ တားမြစ်ဧရိယာထဲကို သွားသည်မှာ ပြေးမကြည့်ဘဲ သိနိုင်သည်လေ။ သက်ပြင်းချရင်း ဆရာခိုင်းထားတဲ့ အလုပ်ကိုသာပြီးအောင်သွားလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

ထွက်လာတဲ့လမ်းတစ်လျှောက်တဖြူးဖြူးတိုက်နေတဲ့လေညင်းလေး တွေက သေသပ်စွာဖီးသင်ထားတဲ့ ဆံပင်လေးတွေကို တလွင့်လွင့်ဖြစ်စေသည်။ ထို့အတူ အလေ့ကျပေါက်နေတဲ့ ပန်းတွေနဲ့မြက်ရိုင်းပင်တွေကလည်း လေညင်းနဲ့အတူယိမ်းနွဲ့နေလျက် ....................

Kyungsoo သူ့ရှေ့က မြက်ပင်တွေနဲ့လွင်ပြင်ကျယ်ကြီးကို ဖြတ်ကာ နေရာတစ်ခုဆီကို ဦးတည်လိုက်သည်။ ထိုနေရာက တားမြစ်နယ်မြေထဲက တစ်ခုဖြစ်တဲ့ အဆိပ်သင့်ဓာတ်ငွေ့တွေရှိတဲ့ နေရာတစ်ခုသာ။ သူရောက်နေတဲ့ နေရာက အမေဇုန်ဒေသအတွင်းမှာရှိတဲ့ ဝေးလံခေါင်သီလှတဲ့နေရာတစ်ခု။ ထိုနေရာက လူတွေက ဖွံဖြိုးတိုးတက်မှုနှေးတာကြောင့် အသိပညာရော အတန်းပညာပါ မရှိချေ။ သူတို့ဆေးအဖွဲ့ရှိနေရသည့်အကြောင်းမှာလည်း အာဏာပိုင်တစ်ချို့ရဲ့ဖိအားတစ်ခုကြောင့်။ ထိုနေရာက ဓာတုစက်ရုံတစ်ခုကနေပေါက်ကွဲမှုကြောင့် ပေါက်ကွဲပစ္စည်းတွေကို လာရောက်စွန့်ပစ်မှုကြောင့် ထိုနေရာက လူတွေနေထိုင်မှုကပို၍ခက်ခဲလာရသည်။ ထို့ကြောင့် သူတို့ဆေးအဖွဲ့ကရောက်ရှိနေခြင်း။ ဆေးရုံတစ်ခုမှဆရာဝန်တစ်ယောက်သာခေါ်ပြီး နိုင်ငံ 10 နိုင်ငံ၏ ဆေးရုံတစ်ခုဆီက ဆရာဝန်တစ်ယောက် nurse တစ်ယောက်သာခေါ်ယူလေသည်။ ထို့ကြောင့် ဆရာဝန်တွေ nurse တွေ အကုန်လုံးက တစိမ်းတွေပင်။
ဒီရောက်နေတဲ့အတောတွင်း ဘယ်သူမှ တားမြစ်နယ်မြေထဲ မဝင်ပေမဲ့ Kyungsoo ကတော့ ခိုးဝင်သည်။ အကြောင်းပြချက်ကား ဘာကြောင့်အဆိပ်သင့်ရလဲဆိုတဲ့အကြောင်းရင်းကို သိချင်ပြီး ထိုနေရာကို လာရောက်စွန့်ပစ်တဲ့ ကလေးငယ်လေးတွေကို ကယ်ချင်သောကြောင့်ပင်။ Kyungsoo ထိုနေရာကို ဒီတစ်ခါနဲ့ဆို 3 ခေါက်မြောက်။ အရင်နှစ်ခေါက်တုန်းက ဘာမှမလုပ်နိုင်ပဲ သူ့မျက်စိရှေ့မှာပဲ ကလေးငယ်လေးတွေကို သေစေခဲ့သည်။ တားမြစ်ဧရိယာဖြစ်ပေမဲ့ အစောင့်တွေမရှိပေ။ အဆိပ်သင့်နယ်မြေဖြစ်တာကြောင့် လူတွေအစား စက်ကိရိယာတွေသာတပ်ဆင်ထားသည်။ ထို့ကြောင့် Kyungsoo ဝင်ရထွက်ရလွယ်သည်လေ။ Kyungsoo သည်ကား တိုက်ခိုက်ရေးမတက်ပေမဲ့ ရှောင်လင်သိုင်းတော့တက်သည်လေ။ ‌( အရှောင်ကောင်းတာကို ပြောချင်တာပါ)  ဒီတစ်ခါတော့ သူ အဆိပ်ဖြစ်ပေါ်လာရခြင်း reason သေချာပေါက် ရှာကိုရှာနိုင်ဖို့ ဆုံးဖြတ်ထားသည်။ အကြောင်းရင်းသိမှ သူ့လူနာတွေကို ကုသရလွယ်မည်ဟု ယုံကြည်သည်။

The Legend Of Longing (အလွမ်းဒဏ္ဍာရီ)Место, где живут истории. Откройте их для себя