Ch-11

324 40 2
                                        

Uni

Suho ချက်ချင်းလေယာဉ်လက်မှတ်ဖြတ်ကာ Kai ရှိရာ လိုက်သွားတော့သည်။ Chanyeol က Kai မိသားစုဆီလိုက်သွားလေသည်။ Kai ရဲ့ ကောင်လေးနဲ့ သူရဲ့ချစ်ရသူကို ဘာတွေလုပ်ခဲ့လည်း မေးရမည်။ ဘာမှမသိခဲ့တဲ့ သူ့ကိုယ်သူ အပြစ်တွေက ဆင့်ကာတင်ရင်း Kai မိဘတွေရှိရာဆီသို့.............

Kris ကတော့ Sehun နဲ့ Kyungsoo ကို ရှင်းပြဖို့သွားရမည်။ Sehun အတွက်က Kai ကိုနောက်ဆုံးအကြိမ်မြင်ရခြင်းဖြစ်သွားနိုင်သည်မလား။

Kyungsoo လူနာစာရင်းတွေကြည့်နေရင်း အရေးကြီးဧည့်သည်ဟုပြောကာ လာခေါ်တာကြောင့် ထွက်လာလိုက်သည်။ လာခေါ်တဲ့သူက VIP အခန်းတစ်နေရာကို သွားနေသည်။ သူအနောက်‌ကနေ ဘာမှမပြောဘဲ လိုက်သွားလိုက်သည်။

အခန်းရှေ့ရောက်တော့ ဝင်သွားဖို့ပြောတာကြောင့် ဝင်သွားလိုက်တော့
Kris ကို မြင်လိုက်ရတာကြောင့် စိတ်ပျက်သွားသည်။

" ဘာကိစ္စလဲ "

" မင်းသူငယ်ချင်းကို ခနစောင့်လိုက်ပါအုံး "

Kyungsoo ပြန်မေးဖို့ကြံပေမဲ့ အခန်းတံခါးဖွင့်ကာ ဝင်လာတဲ့ Sehun ကို မြင်တာကြောင့်

" ဘာလဲ ကျွန်တော်တို့နှစ်ယောက်ကို ဘာပြဿနာရှာအုံးမလို့လဲ "

" ကျွန်တော်မအားတာမို့ အမြန်ပြောပေးပါ "

Kyungsoo က ဒေါသသံတစ်ဝက်နဲ့ပြောပေမဲ့ Sehun က အေးစက်စွာပြောလာသည်။

" ငါအခု ဒီစကားကို မပြောခင် မင်းတို့နဲ့အတိတ်ကို ခနသွားချင်တယ်။ ငါပြောတာကိုပဲ နားထောင်ပေးပါ။ နားထောင်းပြီးခါကြမှ မင်းတို့ကြိုက်သလိုလုပ်ပါ "

" ........ "

Kyungsoo နဲ့ Sehun ဘာစကားမှမပြောတာကြောင့် Kris အတိတ်ကို စတင်လိုက်သည်။

➡️Fleshback start

နွေရာသီတစ်ခုရဲ့ မနက်ခင်းတစ်ခု...

ကျောင်းရဲ့ဘတ်စ်စကတ်ကွင်းတစ်နေရာမှာ ကောင်လေးနှစ်ယောက် ဆော့ရင်းစကားပြောနေကြသည်။

" မင်း အတည်ကြီးလား "

" အေး သူက တကယ်ချစ်ဖို့ကောင်းတာကွ မင်းသိလား "

The Legend Of Longing (အလွမ်းဒဏ္ဍာရီ)Tempat cerita menjadi hidup. Temukan sekarang