Uni
" တီ တီ တီ..... "
ခွဲစိတ်ခန်းထဲက မြည်သံတစ်ခု.........
ထို့အတူ ကောင်လေးတစ်ယောက်သည်လည်း...............
ခွဲစိတ်ခန်းအပြင်က ကောင်လေးမှာတော့ အရုပ်ကြိုးပျက်သလို ရပ်နေရာမှာ ထိုင်ချမိလိုက်သည်။ မျက်ရည်တွေ မကျပေမဲ့....ဘယ်လောက်ထိ
ခံစားနေရတယ်ဆိုတာတော့..ပျက်ယွင်းနေတဲ့ မျက်နှာက သက်သေတည်သည်။
နောက်ဆုံးအချိန်ထိ အချစ်အတွက် ပေးဆပ်ခဲ့တာက သူ့ကို မုန်းနေတဲ့ သူအတွက်တဲ့လား........
Suho လက်ထဲက USB လေးကို ကြည့်ကာ ရင်ဘတ်တစ်ခုလုံး မွန်းကြပ်လာရသည်။
ဆရာဝန်က Suho လက်ထဲ ထို USB ကို ထည့်ပေးခဲ့သည်။ နောက်ဆုံးအချိန်ထိ လက်ထဲမှာ ဆုတ်ကိုင်ထားခဲ့သည် ဟု ဆိုခဲ့သည်။
အချစ်တွေက မှန်ခဲ့ပေမဲ့ ဘာတွေက မှားယွင်းနေခဲ့တာလဲ....
နောက်ဆုံးမှာ Suho မျက်ဝန်းတွေ မှိတ်ချလိုက်သည်။
မျက်ရည် တစ်ပေါက်သည်လည်း USB ဆုတ်ကိုင်ထားတဲ့ လက်ပေါ်သို့ ...................
_________________________________
Sehun မျက်စိရှေ့က ဒိုင်ယာရီ စာအုပ်လေးကို ငေးမောကြည့်နေမိသည်။
ကြည့်နေရင်း ရုတ်တရက် နာကျင်လာသော ရင်ဘတ်ကို လျစ်လျူရှု မိသည်။
ထိုစာအုပ်လေးက သူတို့နှစ်ယောက် အထက်တန်း ဒုတိယနှစ်တုန်းက Sehun ပေးခဲ့တဲ့ စာအုပ်လေး......
အရောင်တွေမှိန်ပေမဲ့ ကြေမွသွားချင်းမရှိဘဲ သစ်လွင်နေဆဲ......
Sehun ထိုစာအုပ်လေးကို ယူကာ ပထမဆုံးတစ်ရွက်ကနေ ဖွင့်ကြည့်လိုက်သည်.......
📝Hun ကိုယ် ဒီနေ့ ကျောင်းစတက်ရတဲ့နေ့.......အရမ်းလွမ်းတယ်....
နှစ်ရက်မြောက်နေ့.......
သုံးရက်မြောက်နေ့.......
လေးရက်မြောက်နေ.....
.
.
.
.
.
.
.
.
ကိုယ် အချိန်တွေကို မုန်းလိုက်တာ....
မင်းကို ကိုယ့်ရဲ့အဝေးကို ခေါ်ဆောင်သွားတယ် မလား......
ESTÁS LEYENDO
The Legend Of Longing (အလွမ်းဒဏ္ဍာရီ)
Historia Cortaလမ်းခွဲခဲ့ပြီးနောက် ကိုယ်စီကိုယ့်လမ်းကိုလျှောက်ကြတဲ့အခါ.........
