ချစ်တဲ့သူ အနားမှာဆို... ကျွန်တော့် ဘဝက အမြဲ အေးချမ်းနေရတယ်...
ရင်ခုန်ခြင်းတွေ၊ ချစ်ခြင်းမေတ္တာတွေက သူ့လက်ကို တွဲမှ ကျွန်တော် ခံစားသိရှိခဲ့ရတာမျိုး...
နှလုံးသား အရင်းခံက အကိုနဲ့ စတင်ခဲ့ရသလို နှလုံးသား ရဲ့ မြစ်ဖျားကလည်း အကို့ဆီမှာပဲ အဆုံးသတ်ချင်တယ်..လို့ ပြောရင် ယုံကြည်ပေးမလား...
ကျွန်တော့အတွက် အချစ်ဦး...ပထမဆုံးနှလုံးသား ...
အကိုမမေးဖူးပင်မယ့် ကျွန်တော် အချစ်ဆုံးက အကိုပဲ... အကိုဂျွန်း
"ယောင်း...
အကို့ ငယ်သူငယ်ချင်းတွေနဲ့
ချိန်းထားတယ်..
မနက်ဖြန် ညနေ...
အကိုနဲ့အတူ လိုက်ခဲ့ပေးနော်''"ဟင်...
အကိုတို့ သူငယ်ချင်း
အခုမှ ပြန်ဆုံကြတာ
မဟုတ်လား...
ယောင်း..ပါနေရင်
မလွတ်လပ်ဘဲ နေမယ်..
အကို့အတွက် ပြောတာ''"ဒီလို အလိုက်သိလို့
ချစ်နေရတာ..
အခုဟာက.. အကိုက ယောင်း.. ကို
ပွဲထုတ်မှာ...ဒါ
အကို့ ချစ်သူပါဆိုပြီး..''"တကယ်လား''
"တကယ်ပေါ့..
အကိုက ညာစရာလား..
ယောင်း ကို ဘယ်တုန်းက
ညာခဲ့ဖူးလို့လဲ...ဟင်..''.................
"အကို...ယောင်း..
ဝတ်ထားတာ အဆင်ပြေရဲ့လား..
ဘယ်လိုလဲ.. ကြည့်ပါဦး''...ယောင်းကိုယ်လုံးလေး လှည့်ပြတယ်
"အဆင်ပြေရုံတင် မကဘူး..
မြင်သမျှ လူတွေ
အကုန် ရူးသွပ်သွားမှာ..သိလား''..ပြောရင်း...အကိုပါးမှာ အပြုံးကြီးကြီးပွင့်လို့... မြတ်နိုးမူ အပြည့်ဖြစ်သော မျက်ဝန်းများဖြင့် ငေးမောလျက်
..........💙မယုံကြည်သော ထာဝရ🖤..........
"ဟယောင်...မင်းက မတွေ့တာ ကြာလို့
ပိုခန့်လာပါလား...
ဝိုင်းဝိုင်းလည်နေရောပေါ့...
ဒါရိုက်တာ Jeon''"မင်းလောက်တော့...
ဆော်ရော ဘဲရော မကြည်ပါဘူးကွာ...
ဂျီမင်း ရာ''..ဆိုတော့.. သူ့နူတ်ခမ်းကို ထော်လျက် မျက်စောင်းထိုးကြည့်သည်၊
YOU ARE READING
Unbelievable Forever 💙💙🖤 (Completed)