UF 💙🖤 (Episode 8)

1.7K 138 0
                                        

"အကို ကိစ္စ တွေ
အပြီးရှင်းပြီးရင်
ယောင်းဆီ ပြန်လာမယ်လေ..
အကို့ကို စောင့်နေပေးပါ..ယောင်း''

... မတွေ့ရတဲ့ ရက်တွေ အတွင်း အကို့ မျက်နှာလေး ချောင်လို့...စိတ်သောက အတော် ရောက်နေပုံပဲ...

"အကို... အကိုဂျွန်း''

"အကို တောင်းပန်ပါတယ်
ယောင်းရယ်...အကို..
ယောင်း..ဆီ ပြန်လာခဲ့မယ်..
စောင့်မယ်မဟုတ်လား''

အကို့ စကားတွေက ရင်တည့်တည့်ကို မြှားနဲ့ ပစ်ခွင်းလိုက်သလိုပဲ...ရင်ထဲ ဆူးအောင့်လို့..

တာဝန်ယူရမယ့်ကိစ္စရှိခဲ့လို့ ..ဆောဟယ်ရင်းနဲ့ အကိုက လက်ထက်ရမယ်တဲ့...

...အချိန်တစ်လတာက.. အဲ့လောက် ရက်စက် လှည့်စားလိမ့်မယ်လို့... မတွေးခဲ့ဖူးဘူး

အခု အခြေအနေတစ်ခုလုံးကို လက်မခံနိုင်ဘူး ပြောရင်... ယောင်း မလွန်ဘူးလို့ ထင်တယ်

ယောင်းနဲ့ အကို တွဲနေတာကို အကို့မိဘတွေ သိတယ်၊ စိတ်မကောင်းဖြစ်အောင် ငြင်းဆန်ကန့်ကွက်ခဲ့တာမျိုး မရှိခဲ့ပင်မယ့်...ဟယ်ရင်းနဲ့ အကို့ ရှေ့ရေးအတွက် လက်လွှတ်ပေးဖို့တော့...တောင်းဆိုပါရစေတဲ့

ကလေးတစ်ယောက်လို ယောင်း..ငိုရုံပဲရှိတော့တယ်၊
လက်လွှတ်ပေးဖို့ကလွဲလို့ ယောင်း မှာ ရွေးချယ်စရာ မရှိ၊
အကို့ကို တာဝန်မဲ့တဲ့ ယောက်ျား တစ်ယောက်လည်း မဖြစ်စေချင်ဘူး၊

.........💙မယုံကြည်သော ထာဝရ🖤..........

"ထယ်ယောင်းရှီ...
ဒီလိုချိန်မှာ ဒီလို...
စကားမပြောသင့်မှန်း
ကျွန်တော်သိတယ်
အခွင့်ကောင်းယူတာ မဟုတ်ပင်မဲ့...
.
.
ကျွန်တော်... ထယ်ယောင်းရှီ ကို သဘောကျတယ်၊...
ကျွန်တော့် ချစ်သူအဖြစ် နေပေးပါ၊
ကျွန်တော့်ကို ကြိုက်သလို
အသုံးချလည်းရတယ်...
ထယ်ယောင်း ကျွန်တော့် အနားမှာ နေပါ''
.
.
.
ယောင်း အခုချိန်... ချစ်သူအသစ်လည်းမထားချင်ဘူး၊ သိပ်ချစ်ရတဲ့ အကို့ကိုလည်း မမေ့နိုင်ဘူး၊ ယောင်းနှလုံးသားက အကို့ဆီမှာပဲ...နောက်ထပ် ဘယ်သူ့ကိုမှ မချစ်နိုင်ဘူး..

အဲ့လိုစိတ်နဲ့ လူတစ်ယောက်ကို ခင်ဗျား လက်တွဲနိုင်လား...မေးတော့..ခေါင်းငြိမ့်ပြလေရဲ့...

Unbelievable Forever 💙💙🖤 (Completed)Where stories live. Discover now