"ကျွန်တော်တို့ ရှယ်ယာတွေကို ဒီစျေးအတိုင်း ဆက်ထိန်းနိုင်ဖို့ လိုတယ်....
အတွင်းရေးမှူး ဟန်...ရှယ်ယာရှင် စာရင်းတွေ လုပ်ထားပေး..
ပြီးတော့...ရှယ်ယာ အသစ်တွေ ဝယ်ထားတာ..အခြေအနေပြန်ပြောပေးဦး''"ဟုတ်ကဲ့..ဒါရိုက်တာ Jeon...
ဒီရက်ပိုင်း... အသွားအလာတွေမှာ ဂရုစိုက်ဖို့ ကျွန်တော်..လုံခြုံရေးတွေ အနားမှာ ချပေးပါရစေ''"ဘာလို့လဲ''
"တွဲဖက် ဒါရိုက်တာ ကြောင့်ပါ ''
...
Message 💬💬
! ယောင်းလေး...အကို့ဆီ လာတွေ့ပေးပါ...ဒီနေ့ ညနေ.... !
.
.
.
*မတွေ့သင့်တော့တဲ့သူ၊ ဒါပေမယ့်... ရင်ဆိုင်ပြီး ဖြေရှင်းသင့်တာတော့ ရှင်းရမယ်လေ...*"အကိုဂျွန်း..ရောက်တာကြာပြီလား''
"ယောင်း လေး...မတွေ့ဖြစ်တာကြာပြီ..နေကောင်းတယ် မဟုတ်လား..ပိန်သွားသလိုပဲ...Jeon က ယောင်း အပေါ်မှာ ကောင်းရဲ့လား''
"အကို့...အကိုဂျွန်း...ပြောစရာရှိတာပဲ ပြောရအောင်...အကို ဂျွန်း..ဘာလို့ တွေ့ဖို့ ခေါ်တာလဲ''
"ယောင်းလေး သိပြီးပြီလား... အကို လက်ထက်ထားတဲ့ ဟယ်ရင်း က Jeon ရဲ့ အရင်ရည်းစား ဆိုတာ...''
"အင်း..''
"အကိုတို့တွေ လှည့်စားခံရတာ...ယောင်း...အခု အကိုနဲ့ အတူ လိုက်ခဲ့...ဆိုးလ်ကနေ ထွက်သွားရအောင်''
...စားပွဲပေါ် တင်ထားတဲ့.. ယောင်း ရဲ့ လက်ကလေးကို ဆုပ်ကိုင်လိုက်သည်..."တောင်းပန်ပါတယ်.. ယောင်း အကုန်သိပြီးပြီ..အကို့ဆီလည်း ပြန်မလာတော့ဘူး..အကို့ ဘဝနဲ့ အကိုပျော်အောင် နေပါတော့...ယောင်းကိုလည်း မေ့လိုက်ပါ ''
...ဆုပ်ကိုင်ခံရတဲ့ လက်ကို ပြန်ဆွဲယူရင်း...ထိုင်ရာမှ ထပြီး လှည့်ထွက်မိသည်..နောက်မှ လက်ကိုဖမ်းဆွဲပြီး နောက်ကျော ကို သိုင်းဖက်ထားသော အကိုဂျွန်း...
"ကျွန်တော်တို့ ပြန်လှည့်လို့မရတော့တဲ့ ရွေးချယ်မူတွေ လုပ်ပြီးနေပြီ..ဒီအတိုင်း ကိုယ့်လမ်းကို ဆက်လျှောက်ရအောင်..အကိုဂျွန်း''
အကိုဝမ်းနည်းသွားမယ်ဆိုတာ...ယောင်းသိတယ်၊ အမှန်ကိုတော့ လက်ခံ ရမှာပဲ မဟုတ်လား...
YOU ARE READING
Unbelievable Forever 💙💙🖤 (Completed)