UF 💙🖤 (Episode 7)

1.7K 138 0
                                        

ပျော်ရွှင်ခြင်းတွေ ဆိတ်သုဥ်းသွားသလား..
ရင်မှာ နာကျင်ခြင်းကတော့ တိုးဝှေ့လို့..
အကြောင်းပြချက်များ ရှိသေးရင် .. ကြားချင်မိသေးတယ်...ကျွန်တော် ပျော်တာပဲ မြင်ချင်တယ် ဆို...

*အကို.. ယောင်း ကို ရှောင်နေတာ.. အခုထိ ဖြေရှင်းချက်မပေးသေးဘူး...ဘာလို့လဲ...*

အသဲကွဲတယ် ဆိုတာ ခံစားဖူးပြီ...ရင်ပူလွန်းလို့...ခံစားနေရတာတွေ မေ့ဖျောက်ချင်လို့...ပုံမှန်ဆို အရက်မသောက်နိုင်တဲ့ ကျွန်တော်... မူးအောင်သောက်မိတယ်၊

"ဟယ်လို... ထယ်ယောင်းရှီ''

"ဟယ်လို...ဖုန်းပိုင်ရှင်က အရက်တွေ အရမ်းမူးနေလို့... ဆိုင်ကို လာခေါ်ပေးပါခင်ဗျ''

ကျွန်တော် ဝတ်ထားတဲ့ ကုတ်အက်ျီ ကို ချွတ်၍ ယောင်း ကျောပေါ် ခြုံပေးပြီး ချီမခါ... ဘား မှ ခေါ်ထုတ်ခဲ့ရတယ်၊

............

မူးနေတဲ့ ယောင်းကို အိမ်လိပ်စာ မေးလို့မရတာနဲ့ ကျွန်တော့် အိမ်ကိုသာ ခေါ်လာခဲ့တယ်၊

ဘယ်လောက်တောင် ဝမ်းနည်းနေသလဲ မေးစရာ မလိုလောက်အောင် ခြောက်ကပ်သွားတဲ့ မျက်ရည်စီးကြောင်းတွေက ပါးနှစ်ဖက်မှာ သက်သေထူလို့...

ယောင်းနူတ်ခမ်းကနေ... တသသ...အကို..အကို လို့ တမ်းတရင်း...ရက်စက်လိုက်တာ တဲ့....

*ဒါ ကိုယ်မကြားချင်ဘူး၊ အခုချိန်ကစပြီး ယောင်း နဲ့ သက်ဆိုင်သူဟာ ငါပဲဖစ်ရမယ်*

....မသက်ဆိုင်သေးသူရဲ့ နဖူးလေးအား နမ်းရိူက်ရင်း....

..........💙မယုံကြည်သော ထာဝရ🖤..........

"အားး...ခေါင်းကိုက်လိုက်တာ..ဟင်...ဒါ ဘယ်နေရာလဲ''

....အိပ်ယာမှ နိုးနိုးချင်း အလန့်တကြားဖြစ်လျက်..ထိုစဥ် အခန်းတံခါးဖွင့်၍ ဝင်လာသော... Jeon.. ဒါရိုက်တာ Jeon

"နိူးပြီလား ထယ်ယောင်း ရှီ... ဒီ ပျားရည် လေးသောက်လိုက်..ခေါင်းကိုက်သက်သာသွားမယ်''
.
.
.
"မနက်စာ ကျွန်တော် နဲ့ အတူစားသွားပါ...ဆိုင်ကို ကျွန်တော် လိုက်ပို့ပေးပါ့မယ်''

အားနာနာဖြင့် မငြင်းတော့ဘဲ... သူပြင်ပေးတဲ့ မနက်စာ စားပြီး ဆိုင်ထိ လိုက်ပို့စေခဲ့သည်၊

Unbelievable Forever 💙💙🖤 (Completed)Where stories live. Discover now