UF 💙🖤 (Episode 9)

1.5K 138 0
                                    

"ထယ်.. ကျွန်တော်နဲ့ အတူ
လာနေပါ ...
ကျွန်တော် ထယ့်ကို
တစ်ယောက် တည်း စိတ်မချဘူး''

.... ယောင်းနဲ့ တရားဝင် လက်တွဲချိန်ကစလို့... ဒါရိုက်တာ Jeon က ထယ်လို့ပဲ ခေါ်တယ်၊ ရင်းနှီးအောင်... ယောင်း ကတော့.. သူ့ကို Jeon လို့ ခေါ်ရမယ်တဲ့ ..

အကို... ယောင်း ကြောင့် နောက်ဆံတင်းပြီး မိဘတွေကို လွန်ဆန်မှာ စိုးလို့... ယောင်း..ဒါရိုက်တာ Jeon ကို လက်ခံလိုက်ခြင်းသာ၊ ဒီ အချစ်မရှိတဲ့ လက်တွဲ ခြင်း က ဘယ်လောက် ကြာရှည်ခံမယ် မသိ၊

"အခုနေတဲ့ တိုက်ခန်းက
အဆင်ပြေပါတယ်..
ယောင်း အတွက်
အလုပ်ရူပ်မခံပါနဲ့''

"မရဘူး...ထယ့် ဆီ
အကိုဂျွန်း လာလို့ လွယ်ကူနေမှာမျိုး
မကြိုက်ဘူး၊
ကျန်တာ မလိုက်လျောချင်နေ..
ကျွန်တော့် အိမ်မှာပဲ လိုက်နေရမယ်''
.
.
အကို့ လက်ထက်ပွဲ မတိုင်မီ တပတ်အလို ယောင်းတိုက်ခန်းကနေ ပြောင်းဖို့ လုပ်တယ်၊ Jeon လည်း ပစ္စည်း​တွေ ကူညီပြီး ရွှေ့ပေးနေတယ်

ကားအမည်းတစ်စီး တိုက်ရှေ့နား ရပ်လာတယ်၊ အကိုဂျွန်းပဲ....

ယောင်း..လက်ကိုဖမ်းဆွဲပြီး...
''အကို ယောင်း..ဆီ ပြန်လာမယ် ပြောထားတယ်လေ.. ဘာလို့လဲ...မသွားရဘူး..ယောင်း''
.....မျက်ရည်များ ရစ်ဝဲလို့...

Jeon ကလည်း ယောင်းရဲ့ လက်တစ်ဖက်ကို အတင်းဆွဲပြီး... ''ထယ်... ဒီကိုလာခဲ့'' အတင်း..ရင်ခွင်ထဲသို့ စောင့်ဆွဲချသည်၊

"Sorry အကိုဂျွန်း..
ယောင်း မဟုတ်တော့ဘူး
ကျွန်တော့် ထယ် ဖြစ်သွားပြီ...
ထယ်နဲ့ ဝေးဝေးနေပေးပါ''

.... ယောင်း လက်ကိုဆွဲပြီး... ကားထဲ ထည့်ကာ... ကျွန်တော့်ဆီ ဆွဲခေါ်ခဲ့သည်၊

.........💙မယုံကြည်သော ထာဝရ🖤..........

ကားပေါ်မှာ.. တဖြေးဖြေး ရိူက်ငင်ကာ ငိုနေသော ယောင်း ကြောင့် ကားကို လမ်းဘေး ထိုးရပ်လိုက်သည်၊

"ထယ်...မင်း..
ဘယ်ချိန်ထိ ငိုနေမှာလဲ၊
အကိုဂျွန်းကြောင့်
ဘယ်ချိန်ထိ ငါ့ မျက်စိရှေ့မှာ.. မျက်ရည်ကျနေမှာလဲ
...ပြော..''

ထယ့် ပုခုံးကို ကျွန်တော့်ဘက် ဆွဲ လှည့်လိုက်တယ်...ကျွန်တော့် စိတ်တွေ ထိန်းလို့မရဘူး၊ ငိုရိူက်နေတဲ့ သူ့ကိုကြည့်ပြီး ကျွန်တော် မခံစားနိုင်တော့ပြီ

Unbelievable Forever 💙💙🖤 (Completed)Where stories live. Discover now