UF 💙🖤 (Episode 6)

1.7K 145 0
                                        

"ဟန်နာ လက်ထဲက ဘာတွေလဲ''
... လက်နှစ်ဖက်လုံး အထုတ်တွေဆွဲလို့... မင်းဂီက စိတ်ဝင်တစားလှမ်းမေးလိုက်သည်၊

"ဒီမှာ လေ ဒါရိုက်တာ Jeon က ဟန်နာ တို့ အုပ်စု စားဖို့ နေ့လည်စာ နဲ့ အအေးတွေ ဝယ် ပေးလို့''

ယောင်း ကတော့ မနက်ဖြန်ပွဲ အတွက် ပန်းတွေ အလှဆင်ရန်သာ အာရုံစိုက်လျက်

"ထယ်ယောင်း ရှီ... အလုပ်ခဏနားပါဦး နေ့လည်စာ စားပြီးမှ ဆက်လုပ်ပေါ့''... ကျွန်တော် ပြောတော့...

"ဒီနားလေး အပြီးသတ်နေလို့ လာပါပြီ ဗျ၊ ကျေးဇူး ပါနော်၊ ယောင်း တို့ကို ဂရုစိုက်ပေးလို့''

... ကျွန်တော် သဘောကျတဲ့ အပြုံးလှလှလေးနဲ့ ပြုံးရင်း... နေ့လည်စာ စားပွဲဝိုင်းသို့ လာနေတဲ့ ယောင်း....

...............

ပန်းအလှဆင်တဲ့ ကိစ္စ နဲ့ ယောင်း... ဒါရိုက်တာ Jeon နဲ့ ရင်းနှီးမိသွားတယ်၊.. အကိုဂျွန်း မိတ်ဆွေ ဆိုတာကြောင့်... ခင်မင်မိတာလည်း ပါမယ် ထင်တယ်

...ရုပ်ချောပြီး သဘောထား ပြည့်ဝသူ လို့တော့ မှတ်သားလျက်...

...........

'အကို..အလုပ်တွေ အရမ်းရူပ်နေတာလား...ယောင်းဖုန်းဆက်တာ မရလို့... မက်ဆေ့ ပို့လိုက်တယ်၊ ထမင်း အချိန်မှန်မှန် စားနော် ဂရုစိုက်၊ ချစ်တယ် 😘' .... ဆိုတဲ့ စာလေး အကို့ဆီ ပို့လိုက်တယ်

အဆက်အသွယ် ပြတ်တာမျိုး မဖြစ်ဘူးပင်မယ့်... အခု ဖုန်းမဆက်ဖြစ်တာ ၂ ပတ်လောက်ရှိနေပြီ၊ ဂျယ်ဂျူးမှာ တစ်လနီးပါးကြာနေတော့... စိတ်ပူမိသား...

အတွေးများနဲ့ ပူလောင်နေတုန်း လက်ထဲက ဖန်ခွက်လွှတ်ချမိလျက်.... ခွမ်းးး.....

အာ့... ဖန်ကွဲစတွေကို ကောက်မိတော့ လက်ရှသွားလေရဲ့... *ထယ်ယောင်း ရေ...ဘာတွေ ဖြစ်နေတာလဲ* ..ကိုယ့်ကိုယ် ကို အပြစ်တင်မိတယ်

..........💙မယုံကြည်သော ထာဝရ🖤..........

အန်တီ တို့ဆီ မရောက်တာ ကြာပီ ဆိုတော့ အကို့ အကြောင်းလည်း မေးရင်း... လာခဲ့မိတယ်

"သား...ယောင်းလေး... လာပါဦး... ထမင်းရော ကောင်းကောင်း စားရဲ့လား..သား ဆိုင်လေးရော အဆင်ပြေရဲ့လား''

Unbelievable Forever 💙💙🖤 (Completed)Where stories live. Discover now