UF 💙🖤 (Final)

3.7K 170 2
                                        

"ဒါရိုက်တာ Jeon...
တွဲဖက်ဒါရိုက်တာ ကို
စုံစမ်းရေးအရာရှိတွေ..
အခုပဲ လာဖမ်းသွားပါပြီ''

"ဟုတ်လား...အဖေရော သိပြီးပြီလား.''

"သိပြီးလောက်ပါပြီ...
ဒါရိုက်တာ ရဲ့
ကားမတော်တဆအမှုက
သူလုပ်ကြံတယ်ဆိုတာ
သက်သေလည်း
ထွက်လာပြီဆိုတော့....''

BOD ဘုတ်အဖွဲ့ ဝင်တွေရဲ့ အဆုံးအဖြတ်က ပြီးတဲ့ရက်ကတည်းက ကျလာပြီးသား....ဒီရုံးချုပ်ရဲ့ ဒါရိုက်တာရာထူး ကနေဖယ်ရှားခံရတယ်၊

အဖေ့ဆီမှာ...ခွင့်တောင်းပြီး အဂ်လန်ရုံးမှာ အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်

အဖေက ဒါရိုက်တာ ရာထူး ကို ဆက်ထိန်းထားချင်ရင်...ထယ်နဲ့ လမ်းခွဲမှ ရမယ်၊ မဟုတ်ရင်တော့.....

.
.
.......

မနက်က အိပ်ပျော်နေတဲ့ ထယ့်ကို မနိုးရက်လို့... စာတစ်စောင်နဲ့ လေယာဥ်လက်မှတ် ချထားခဲ့တယ်

ထယ်...ထယ့်ကို အတင်းအကျပ်မတိုက်တွန်းချင်ဘူး...
သူဝါသနာပါတဲ့ အလုပ်လေးလုပ်ရင်း ပျော်ရွှင်စေချင်တယ်လေ
.
.
"Jeon...Jeon''

အိမ်ထဲမှာ လိုက်ရှာမိတော့ မတွေ့၊
*ရုံးသွားနှင့်ပြီ နဲ့တူတယ်*

အခန်းထဲ ပြန်ဝင်လာတော့ စားပွဲခုံပေါ်မှာ...
စာတစ်စောင်နဲ့ လေယာဉ် လက်မှတ်၊❓

💌 ထယ်...
ကိုယ် မင်းကို
ပြောစရာ ရှိတယ်
ကိုယ် အဂ်လန် ရုံးခွဲကို
ပြောင်းရတော့မယ်
ဒီနေ့ညနေ လေယာဉ်နဲ့... သွားတော့မယ်
.
ကိုယ် ထယ့်ကို အတင်းအကျပ် မတိုက်တွန်းချင်ဘူး
ထယ့် ဘဝ အတွက် ထယ်ရွေးချယ်လို့ရတယ်
.
ဒီအိမ်ကို ထယ့်နာမည်နဲ့လွှဲပေးခဲ့တယ်
ပန်းဆိုင်ကိုလည်း...ကိုယ်...ထယ့် အတွက်ဝယ်ပေးထားတယ်
.
ထယ် ပျော်ရွှင်ဖို့ ကိုယ်လုပ်ပေးနိုင်တာထက်
အများကြီး လုပ်ပေးချင်တယ်...
.
ဒါပေမဲ့
ကိုယ် အဂ်လန် မှာ ၃ နှစ်လောက်ကြာမယ်ထင်တယ်...မပြောတတ်သေးဘူး
.
ထယ့်ကို စောင့်ပေးပါလို့... ကိုယ်မတောင်းဆိုရက်ဘူး
.
လေယာဉ် လက်မှတ်က အပိုဝယ်ထားတာ၊
ထယ့်ကိုခေါ်သွားချင်ပင်မယ့်...
ထယ့် အတွက် ခက်ခဲမှာမျိုး..ကိုယ်မဖြစ်စေချင်ဘူး
.
ထယ့်ကို ချစ်တယ် အမြဲ ချစ်နေ မယ်
.
.....................................ထယ့်ရဲ့Jeon  💌
.
.

You've reached the end of published parts.

⏰ Last updated: Nov 05, 2020 ⏰

Add this story to your Library to get notified about new parts!

Unbelievable Forever 💙💙🖤 (Completed)Where stories live. Discover now