"အတွင်းရေးမှူး ဟန်..
လေဆိပ်မှာ ဆောဟယ်ရင်းကို
ညနေ ၅ နာရီ သွားကြိုပေးပါ၊
သူ့အိမ်ထိ ပို့ပေးလိုက်ပါ..
ရုံးအပြန် ကျွန်တော့်ကို
လိုက်မပို့နဲ့တော့''
"ဟုတ်ကဲ့ပါ ဒါရိုက်တာ Jeon...
ဆောဟယ်ရင်း နဲ့ပက်သက်ပြီး
ကျွန်တော် ဘာတွေ
သိထားရဦးမလဲ"
"အင်းးသူက
ကျွန်တော့် သူငယ်ချင်း
နိုင်ငံခြား ပညာတော်သင်
သွားရင်း ခင်ခဲ့သူ၊
သူ့ပုံ ကျွန်တော် ပို့ပေးမယ်၊
သေချာ ကြိုပေးလိုက်ပါ''
.................
ရုံးဆင်းချိန်... အတွင်းရေးမှူး ဟန် မရှိတုန်းလေး... အပန်းဖြေရန် ဟန်မြစ်ကမ်းနံဘေးရှိ ပန်းခြံသို့ လာမိသည်
သူငယ်ချင်းတွေ၊ မိသားစုတွေ၊ ချစ်သူစုံတွဲတွေ ဆုံလို့... လေကောင်းလေသန့်ရူရင်း ပန်းခြံမှာ အပန်းဖြေနေကြလေရဲ့၊
အခုလို လမ်းလျှောက် မထွက်တာ ကြာခဲ့ပြီမို့ ခေါင်းမော့ရင်း လေကိုတဝကြီး ရူရိူက်နေမိတယ်
ဒုတ်...''အား..''
ကောင်လေးတစ်ယောက် ကျွန်တော့်ကို လာတိုက်မိ၍ နောက်သို့ ယိမ်းထိုးသွားခြင်း...
သူ့လက်ထဲက ပန်းစည်းကြီးကတော့ မြေပြင်ပေါ် လွတ်ကျလျက်....
"တောင်းပန်ပါတယ် ဗျာ...
ကျွန်တော် အလောတကြီးဖြစ်မိလို့''
.. ပြောရင်း သူ့ပန်းစည်းအား ကောက်ယူနေစဥ်...
ကျွန်တော်လည်း လှမ်းယူမိလျက်... ထိုကောင်လေး လက်ပေါ် ကျွန်တော့်လက်ချောင်းများ အုပ်မိုးမိသွားသည်၊
*နွေးထွေးတဲ့ ခံစားမူလေး*
ကျွန်တော်..အလျင်အမြန် ပန်းစည်းအား ကောက်ယူ၍ ကောင်လေး လက်ထဲသို့ထည့်ပေးပြီး မျက်နှာအား သေချာ ကြည့်လိုက်မိတော့...ဓာတ်လှေကားမှာ တွေ့ခဲ့တဲ့ ကောင်လေး... *ထယ်ယောင်း*
ကျွန်တော့်ကို အပြုံးလှလှလေးနဲ့ ပြုံးပြရင်း
'' ကျေးဇူး တင်ပါတယ်'' လို့ပြောရင်း...
တတီတီမြည်လာသော သူ့ဖုန်းလေးအား ထုတ်ကိုင်လျက်...
''အကို...ကျွန်တော် လာနေပြီ
ခဏစောင့်နေနော်...
ဘယ်မှ မသွားရဘူး နော်''
YOU ARE READING
Unbelievable Forever 💙💙🖤 (Completed)