UF 💙🖤 (Episode 13)

1.6K 125 0
                                        

မျက်လုံးများ အားယူပြီး ဖွင့်ကြည့်လိုက်တော့...ကျွန်တော့် လက်မှာ ပတ်တီးစည်းထားတာလေးတွေ့မိသည်...သဘောကျ ပြုံးမိရင်း...
*စိတ်တော့ပူပေးသားပဲ*

...အတွေးများဖြင့်...လေထဲတိုက်ဆောက်မိရုံရှိသေး.... ထယ့်ကိုရှာတော့..

"ထယ်...ထယ်...'' အော်ခေါ်ရင်း ရေချိုးခန်း...အိမ်အောက်ထပ်..မီးဖိုချောင်...အနှံ့ လိုက်ရှာသော်လည်း မတွေ့....

ဖုန်းဆက်တော့လည်း မကိုင်၊

အတွင်းရေးမှူး ဟန်ကိုသာ အကူညီ တောင်းကာ...ထယ် ရှာပုံတော် ဖွင့်ရသည်၊

"အတွင်းရေးမှူး ဟန် ဒီနေ့ အစည်းအဝေး ဖျက်ပေးပါ... ကျွန်တော် ထယ့် ဆီသွားမယ်''

"ဒါရိုက်တာ... ဒီနေ့ အစည်းအဝေး က ဖျက်လို့မရပါဘူး၊ ရှယ်ယာရှင်တွေ လုပ်တဲလ အစည်းအဝေး ဖြစ်လို့ မဖြစ်မနေတက်ရပါမယ်၊ ဒါရိုက်တာ စိတ်အရမ်းပူနေတယ်ဆိုရင်... ကျွန်တော်... ထယ်ယောင်း ရှီ ဆီ စောင့်ရှောက်ဖို့ လူလွှတ်ပေးပါ့မယ်''

"အင်းးးအဲ့လိုပဲ လုပ်တာရတာပေါ့ ''

....

['ဒါရိုက်တာ Jeon ရဲ့ စွမ်းဆောင်ရည်တွေကြောင့် ကျွန်တော်တို့ စျေးကွက်မှာ ပိုပြီး နေရာယူနိုင်တာပါ'....

' ရှေ့လျောက် အတူတူ လက်တွဲ ကြိုးစားရအောင်'...

'သူဌေးက တကယ့်ကို ထူးချွန်တဲ့ သားတစ်ယောက်မွေးထားတာပဲ']....စတဲ့ ချီးမွမ်းသံတွေကြား.....

''Jeon... ဒါရိုက်တာ Jeon...ကျွန်တော် ရောက်လာပြီဆိုတော့ ကုမ္ပဏီရဲ့ တာဝန်တွေကို ကျွန်တော် လည်းခွဲယူမှာပါ၊ ကူညီပေးပါ ဦး'' ......

"ဟုတ်ကဲ့...အကို စီဝန် လည်း ကူညီပါဦး....သွားခွင့်ပြုပါ''
.
.
"ဒါရိုက်တာ Jeon...တွဲဖက်ဒါရိုက်တာ စီဝန် က အဂ်လန် ရုံးခွဲ ကနေ အပြီး ပြောင်းလာတယ် ကြားတယ်၊...
ရှယ်ယာရှင်တွေကို နောက်ကွယ်ကနေ စည်းရုံးနေတယ်၊
ဒါရိုက်တာ သတိထားသင့်တယ်''

"ကျွန်တော် သိတယ်၊
သူက ကျွန်တော့်နေရာကို လိုချင်နေတာလေ၊
အဖေ့ရှေ့မှာ အမြဲ...နာမည်ကောင်းရအောင် ကြိုးစားနေတာ...
ထားပါ..နောက်မှ ဆက်ပြောကြမယ်...
ကျွန်တော် ဘူဆန် ကိုသွားမယ်... အတွင်းရေးမှူး ဟန်  ... မလိုက်နဲ့တော့...
ဒီမှာ လုပ်ရမှာတွေ ကြိုတင်ပြီး ပြင်ဆင်ထားပေး...''

Unbelievable Forever 💙💙🖤 (Completed)Where stories live. Discover now