*ကြည့်ပါဦး... အဘွားနဲ့အတူတူ စိုက်ခင်းထဲမှာ ရယ်မောလို့... ယောင်းရဲ့ အဘွားလား.. Jeon ရဲ့ အဘွားလား မကွဲဘူး*
သူ့ကို မမြင်ချင်လို့ ဘူဆန်လာပါတယ်ဆိုမှ... အပြေးအလွှားလိုက်လာတယ်...
အခုလည်း...အပွင့်တွေတံဆိပ်နှိပ်ထားတဲ့ ဘောင်းဘီပွပွကြီး ဝတ်လို့...ဒါပေမဲ့ ကြည့်ကောင်းတယ် (မဟုတ်ပါဘူး..ငါ ဘာတွေ သဘောကျနေတာလဲ)
"ထယ်...ဘာတွေကြည့်နေတာလဲ...လာဦး...ဒီမှာ ထယ့် အတွက်... စပျစ်သီး တွေ ခူးထားတယ်''
""လယ်သမားကြီး လုပ်ပြီး... လိုက်နှောင့်ယှက်နေရတာ..ပျော်နေပုံပဲ''
"ထယ်...ကိုယ် ထယ့်ကို ဘယ်လောက်စိတ်ပူလိုက်ရလဲ သိလား...ကားမောင်းလာရတာ..ကိုယ်ပင်ပန်းနေပြီ...စိတ်မကောင်းအောင် မပြောပါနဲ့ကွာ''
"သား...ယောင်းလေး...ကိုယ့် ချစ်သူက ပင်ပန်းခံပြီး လာတဲ့ဟာ...အဲ့လို မပြောရဘူးလေ...လာ သားတို့ ထမင်းစားကြမယ်...''
.
.
"ထယ်...ကိုယ် ဒီမှာပဲ အိပ်တော့မယ်''...ထယ်ရဲ့ ကုတင်ဘေးမှာ... မွေ့ယာခင်းပြီး.. လှဲချလိုက်သည်၊
"မအေးဘူးလား.. အဲ့မှာ''
ပြောရုံရှိသေး...ကုတင်ပေါ်ချက်ချင်းတက်လာပြီး...လူကို လာဖက်နေလေရဲ့
"မေးတာလေ...ခင်ဗျားကို လာ အိပ်ခိုင်းလို့လား''
"ထယ်...ကိုယ်တောင်းပန်ပါတယ်... ထယ်မကြိုက်တာတွေ ကိုယ်လုပ်မိလို့...ကိုယ့်ကို ကြိုက်သလို အပြစ်ပေး...ကိုယ့်အနားကတော့ ထွက်မသွားပါနဲ့''
"နော်...ထယ်''
"အား..အသက်ရူကြပ်လာပြီ..လွှတ်ဦး''
"မအော်နဲ့လေ... အဘွား အိပ်နေလောက်ပြီ..ရှူး...''
"အာ့ ခင်ဗျား ကြောင့်''
"ဖြေလေ...ကိုယ်အနားက မသွားပါဘူး လို့''
"အင်း''....
''ဟင်''....
''အင်း...အင်း..ပါဆို..လွှတ်တော့''
"အိပ်မက်လှလှ မက်ပါစေ ကိုယ့်ရဲ့ ထယ်''
ထယ့် နဖူးလေးအား နမ်းရိူက်ရင်း...ကျောပေးကာ လှည့်လိုက်သည်၊
*တော်တော်ဆိုး တဲ့ လူ... သူက အရင် ကျောပေးပြီး အိပ်ပြီ*
ချစ်ရသူအနား... နေခွင့် ရရုံနဲ့တင် ကျွန်တော့် နေ့ရက်တွေ ပိုလှနေပါပြီ
ချစ်တယ် ထယ်... မင်းကို ဖွင့်မပြောရဲသေးဘူး...ကိုယ်က အပြစ်တွေ လုပ်ထားတာလေ၊
မင်း မယုံကြည်မှာလည်း စိုးတယ်....
YOU ARE READING
Unbelievable Forever 💙💙🖤 (Completed)