"မင်း...
ငါ့မျက်နှာ အိုးမည်းသုတ်တာလား..ဟမ်...
စောက်သုံးမကျတဲ့ကောင်...မင်း ချစ်သူထားစရာ ရှားလား..ပြော!!
မွေးရကျိုး နပ်တဲ့သား...ကိုယ့်ကျင့်တရားမကောင်းတဲ့သူနဲ့ တွဲ ပြီး ..ပျက်စီးနေတာ...❗''
"CEO ကြိုက်သလို ကျွန်တော့်ကိုပြောပါ..ကျွန်တော့် ချစ်သူကိုတော့ မစော်ကားပါနဲ့''
ဖြောင်းးး...လက်ဖဝါးကြီးကြီးက Jeon ရဲ့ ပါးပြင်ပေါ်သို့...💢
"မင်းကိစ္စတွေ မင်းရှင်း...ရှယ်ယာတွေ မထိခိုက်စေနဲ့...အလုပ်ကို ထိခိုက်လာရင်...မင်းရော..မင်းအကောင်ရော... မလွယ်ဘူး..မှတ်..''
"ကျွန်တော်... ဖြေရှင်းပါ့မယ်... သွားခွင့်ပြုပါဦး''
"အတွင်းရေးမှူး ဂင်...
သတင်းတွေ အကုန်လိုက်ပိတ်...
သူ့ ကောင်လေးအကြောင်း
သေချာစုံစမ်း ပေး....
စီဝန် က နေရာ လုဖို့ ကြံစည်နေတာကို...ဒင်းက.. ဂရုမစိုက်ဘဲ လုပ်ချင်ရာတွေ လုပ်နေတယ်''
.......
"ဟူးး...ပင်ပန်းလိုက်တာကွာ''
"ဒါရိုက်တာ...ဒီမှာ... ပါဆယ် ရောက်နေလို့...တချက်ကြည့်ကြည့်ပါဦး''
"ဘယ်ကလဲ''
"လိပ်စာတော့ မပါဘူး..ဒါရိုက်တာ နာမည်နဲ့ တိုက်ရိုက်ပို့လိုက်ပုံရတယ်''
💢 💢 ထယ်နဲ့ အကိုဂျွန်း တို့ပုံတွေ 💢 💢
ကော်ဖီဆိုင်မှာ နှစ်ယောက်အတူ ထိုင်နေတဲ့ပုံ၊
ထယ့်လက်ကို ကိုင်ထားပုံရတဲ့ ပုံ၊
ထယ့်ကိုဖက်ထားတဲ့ပုံ...တွေ ကြည့်ရင်း...
အဖေရိုက်လို့ နာနေတဲ့ပါးပြင်ထက် ရင်ဘက်က ပိုနာလာသလိုပဲ၊
"ဒါရိုက်တာ Jeon အဆင်ပြေ ရဲ့လား...ကျွန်တော် ဘာလုပ်ပေးရမလဲ''
"ဒီစာအိတ် ပို့တဲ့သူကို စုံစမ်းပေးပါ၊ ပြီးတော့ အကိုစီဝန် ရဲ့ လူပ်ရှားမှုတွေကို စောင့်ကြည့်ထားပေး''
........💙မယုံကြည်သော ထာဝရ🖤..........
"Jeon''
ဒီအသံ...Jeon လို့... 'ထယ်' ခေါ်တဲ့ အသံ မကြားရတာ ကြာပြီထင်ပါ့....ဆိုဖာပေါ် ပက်လက်လှဲရာမှ...ခါးဆန့်ကာ ထိုင်လိုက်သည်၊
YOU ARE READING
Unbelievable Forever 💙💙🖤 (Completed)