အ..ဟွတ်..ဟွတ်....
ထယ့် အခန်းထဲ ဝင်လာတော့...ကြားလိုက်ရတဲ့ အသံ...
"ထယ်..ချောင်းတွေဆိုးနေတာလား...အအေးမိသေးလား''..နဖူးစမ်းကြည့်တော့... အသားတွေ ပူလို့...
"နဲနဲ ပါ...ယောင်း ..ဘာမှမဖြစ်ပါဘူး''
"အသားတွေပူနေတယ်လေ..ထယ်ရဲ့...ဆေးသောက်ရမယ်...ကိုယ့်ကို ရင်ပူအောင် မလုပ်ပါနဲ့ကွာ''
ထယ့်ကို ဆေးလည်းတိုက်... ရေပတ်ဝတ်လည်း..နဖူးပေါ် တင်ပေးရင်း...
''ထယ် မနက် ပန်းဆိုင် မသွားပါနဲ့တော့...အိမ်မှာပဲ နေ၊ ကိုယ်လည်း ရုံးမသွားတော့ဘူး''
"အဲ့လောက် မလိုပါဘူး၊ ယောင်း တစ်ယောက်တည်း နေလို့ရပါတယ်''
"ကိုယ်ကတော့ နေလို့မရဘူး...ထယ်တစ်ယောက်တည်း...ပစ်မထားနိုင်ဘူး...ထယ်..အိပ်တော့လေ..ပင်ပန်းနေမှာပေါ့''
.
.
အိပ်ယာမှ နိူးတော့.. ယောင်း ဗိုက်ပေါ်မှာ Jeon ရဲ့ လက်တစ်ဖက်က တင်လျက် ကုတင်ဘေးနားကပ်လျက် အိပ်ပျော်နေရှာသည်၊...
စိတ်ထဲမှာတော့..သနားမိသား..ယောင်းကို အပင်ပန်းခံပြီး ဂရုစိုက်နေတဲ့ သူ့ကို.. သူ့အချစ်ကိုလည်း မတုံ့ပြန်နိုင်လို့... အားနာမိတယ်
.
.
နေ့လည်စာ စားပြီး ခြံထဲက သစ်သားခုံအဖြူလေးမှာ ထိုင်နေတဲ့ ယောင်း...အဝေးကနေ... ကျွန်တော် ငေးကြည့်မိသည်၊ သူ့အနားကပ်ခါ သွားထိုင်တော့...ကျွန်တော့်ကို လှည့်ကြည့်သည်
"ထယ် ဘာတွေ စဥ်းစားနေတာလဲ၊ အဆင်ပြေရဲ့လား၊ ထယ်ဖြစ်ချင်တာတွေ ပွင့်ပွင့်လင်းလင်း ပြောနော်.. ကိုယ့်ကို''
"Jeon ..အကိုဂျွန်းရဲ့ မဂ်လာပွဲကို သွားချင်တယ်''
"အင်း..ကိုယ် လိုက်ပို့ပေးမယ် လေ.. ထယ် စိတ်မညစ်နဲ့ နော်...ကိုယ်နဲ့အတူ သွားမယ်''
.........💙မယုံကြည်သော ထာဝရ🖤..........
"ဆောဟယ်ရင်း... ဂုဏ်ပြုပါတယ်... မင်း ချစ်တဲ့သူကို ရယူနိုင်လို့... ဝမ်းသာပါတယ်''
"Jeon... ငါ့ရွေးချယ်မူက... Jeon အတွက် အခွင့်အလမ်းကောင်းဖြစ်သွားတယ်မဟုတ်လား...
အစက Jeon ရဲ့ ရည်ရွယ်ချက် ကို မသိပင်မယ့်...ငါကိုယ်တိုင်က.. အကို ဂျွန်းကို သဘောကျနှစ်သက်လို့...
ရအောင်ယူခဲ့တာ..
Jeon စီစဥ်ထားတဲ့ အကွက်ထဲ ကွက်တိကျသွားတယ်ပဲ ဆိုပါတော့''
YOU ARE READING
Unbelievable Forever 💙💙🖤 (Completed)