နှလုံးသား ရဲ့ စေညွှန်ရာ အတ္တလေးက...ပြောင်းလဲနိုင် တယ်ဆိုတာ ကျွန်တော် ကိုယ်တိုင်လက်ခံထားတယ်...
တချိန်က...နှလုံးသား ရဲ့ အရှင်သခင်ဖြစ်ခဲ့ဖူးတဲ့...သူမဟာ...အခုတော့.. ကျွန်တော့်အတွက် သာမာန် ထက်မပိုဘူးရယ်...
ဗလာင်ဆူခဲ့ဖူးတဲ့ နှလုံးသား တစ်စုံဟာ...အချိန်ယန္တရားအောက်မှာ အနည်ထိုင်လို့ သွားချေပြီ။
"ငါတို့ စကားပြောဖို့ လိုပြီလို့
မထင်ဘူးလား..Jeon''
... ကျွန်တော့် ရုံးခန်းစားပွဲရှိရာသို့ လျှောက်လာတဲ့ သူမ...
"ဟယ်ရင်း..
အလုပ်ကိစ္စပဲပြောရအောင်...
ငါ ပြောထားတဲ့ Project...
မင်းစိတ်ဝင်စားလား''
"OK လေ လုပ်ကြည့်တာပေါ့''
..........💙မယုံကြည်သော ထာဝရ🖤..........
ကံတရားဆိုတာ...ဖန်တီးခွင့်ရှိတယ်လို့ ခံယူထားတဲ့ သူတစ်ယောက်အတွက်.. ဖြစ်ချင်တဲ့ အိမ်မက်တွေကို ကိုယ်တိုင် ရေးခြယ်ပုံဖော်မှာပါ ... ဘာအကြောင်းကြောင့်မှ တွန့်ဆုတ်နေမှာ မဟုတ်ဘူး ...
"ဝမ်းသာပါတယ်
ကျွန်တော်တို့ ကုမ္ပဏီနဲ့
လက်တွဲပေးတဲ့အတွက်
ကျေးဇူး အများကြီးတင်ပါတယ်...
ဆောဟယ်ရင်း ရှီ''
"ကျွန်မတို့ ဒီလုပ်ငန်း
အောင်မြင်ဖို့
အတူတူကြိုးစားကြရအောင်''
"ဒီအပတ်ထဲမှာ
ကျွန်မတို့ အသစ် စမယ့်
ဘူဆန်က Project ကို
သွားကြည့်ချင်တယ်...သူဌေး ဂျွန်း''
...........
"အကို ယောင်း... အကိုယောင်းရေ''
ပန်းစည်း ပြင်နေတဲ့ ကျွန်တော့်ဆီ အားရဝမ်းသာနဲ့ အော်နေတဲ့ မင်ဂီ....
"အလန့်တကြား...
ဘာလို့ အော်နေတာတုန်း မင်းဂီ''
"ကျွန်တော့်တို့
အော်ဒါကြီး တစ်ခု ရပြီဗျ...
JJ Group က
အခမ်းအနား တစ်ခုအတွက်
ပန်းအလှဆင်ပေးရမှာ''
"ဟုတ်လား...ဘယ်နေ့ လုပ်ပေးရမှာလဲ..''
"အကို့ကို...
သူတို့ ရုံးကို လာခဲ့ပေးဖို့
ပြောသွားတယ်
ဒီနေ့ နေ့လည်လောက် အချိန်ရလားတဲ့''
YOU ARE READING
Unbelievable Forever 💙💙🖤 (Completed)