"ထယ်...ကိုယ့် ခွင့်ပြုချက်မရှိဘဲ...ဘယ်မှမသွားရဘူး''.... ထယ့်ကို အခန်းထဲ ပစ်ထည့်ရင်း....
ထယ် အောက်ထပ်သို့ ဆင်းမလာ၊ စိတ်ပူမိ၍ အခန်းတံခါး ခေါက်မိသည်၊
... ပြန်ထူးသံမကြား၊ သော့အပိုဖြင့် အလောတကြီး ဖွင့်ပြီး ထယ့်ကို လိုက်ရှာမိသည်၊
... အိပ်ယာပေါ် မှာလည်း မတွေ့၊ ရေချိုးခန်း တံခါးကို တွန်းဖွင့်မိတော့...
ရေချိုးကန်ထဲမှာ သွေးတွေနဲ့ မေ့လုဆဲဆဲဖစ်နေတဲ့.. ထယ်...လက်ကောက်ဝတ်မှာ..ဓားလှီးရာနဲ့....
ကျွန်တော် အတော်ပင်ထိတ်လန့်လျက် ရေကန်ထဲမှ ထယ့်အား ပွေ့ချီပြီး... ဆေးရုံသို့ ပြေးသည်၊
ကျွန်တော် ထယ့် ခံစားချက်တွေကို လျစ်လျူရူပြီး လုပ်ချင်တာတွေ ဇွတ်လုပ်ခဲ့တာတွေ အတွက် စိတ်မကောင်းဖြစ်မိတယ်၊ ဒါပေမယ့် ထယ့်ကို လက်လွှတ်ဖို့ စိတ်ကူးမရှိဘူး၊
.
.
မျက်လုံးများကို အားယူပြီး ဖွင့်ကြည့်လိုက်တော့... အဖြူရောင် မျက်နှာကျက်...ဘေးမှာ..ယောင်းလက်ကို ကိုင်ပြီး ယောင်း ကိုကြည့်နေတဲ့ Jeon..
"ထယ်...သတိရပြီလား...ဘယ်လိုနေသေးလဲ.. သက်သာရဲ့လား''
"ဘာလို့လဲ... ဘာလို့ ကယ်တာလဲ...သေ သွား အောင် ပစ်ထားရမှာလေ''
"ထယ်...ထယ် အဲ့လောက်တောင် သေချင်နေတာလား၊ ကိုယ်က ထယ့်ကို ခွင့်ပြုမယ်ထင်လား၊ ထယ်ကိုယ့် ခွင့်ပြုချက်မရှိဘဲ မသေရဘူး''
"အကိုနဲ့ ရှင်ကွဲ ကွဲအောင် လုပ်ရုံတင် အားမရလို့လား...အနားမှာ ထားပြီးနှိပ်စက်ဦးမလို့လား''
"ထယ်..တော်တော့နော်... ကိုယ့်ကို ဒေါသဖြစ်အောင် မပြောနဲ့''...
သူ့ကို ဘယ်လောက်စိတ်ပူပြီး သတိရလာဖို့ မျှော်နေခဲ့ရလဲ...အခုသတိရလာတော့... ရင်ကိုအောင့်သွားအောင်..ပြောနေပြီ၊
ဘယ်အချိန်မှ ကိုယ့်ကို နားလည်မှာလဲ..ထယ်...
နံရံကို လက်သီးဖြင့် ခပ်ပြင်းပြင်း သုံးလေးချက်လောက် ထိုးချလိုက်ပြီး...
ကုတ်အက်ျီကို ကောက်ပြီး ထွက်လာခဲ့သည်၊
"အတွင်းရေးမှူး ဟန်...ထယ့်ကို ဆေးရုံမှာ စောင့်ကြည့်ပေးပါ၊ လိုအပ်တာ တွေ အကုန် ဂရုစိုက်ပေးပါ၊ တခုခု ထယ် အဆင်မပြေတာတွေရှိရင် ဖုန်းဆက်ပါ''
.
.
.
YOU ARE READING
Unbelievable Forever 💙💙🖤 (Completed)