Soung Group ရဲ့ Dinner ပွဲ......
လုပ်ငန်းရှင်တွေစုံလို့... အထက်တန်းကျကျ Dinner ပွဲတွေတိုင်းက... ဝိုင်တို့ ရှန်ပိန်တို့ကတော့ မပါမဖြစ်ပေါ့
ဟန်ဆောင်ပြုံးပြကြရင်း...လုပ်ငန်းအတွက် ရင်းနှီးမြှပ်နှံသူတွေ၊ ဝယ်ယူသူတွေ၊ ပါတနာတွေ... မိတ်ဆက်ရင်း...အလုပ်အကြောင်းဆွေးနွေးကြတဲ့ ပွဲဆိုလည်း မမှားပေ၊
မွန်းကြပ်စေတဲ့ အထက်တန်းလွှာ ဓလေ့ တစ်ခုကတော့...Jeon အတွက် အသားကျလျက်ပေါ့၊
ရှန်ပိန်ခွက်လေးကိုင်ရင်း.. ကြည့်မိတော့..မြင်ဖူးသလိုလို မျက်နှာကြောင့်... အနားကပ်သွားမိတယ်၊
"အကို ဂျွန်း''
"Jeon...ညီလေး ... သြော်.. မှားလို့ ဒါရိုက်တာ Jeon''
"ရပါတယ် အကိုဂျွန်းရာ...
Jeon လို့ပဲခေါ်ပါ..
ကျွန်တော်က ဂျူနီယာပဲ''
"မဟုတ်တာ...စီးပွားရေး နယ်ပယ်မှာကျ မင်းက စီနီယာဖြစ်နေပြီလေ...
ဒါတွေထားပါ..
မိဘတွေရော နေကောင်းကျတယ်
မဟုတ်လား''
"အရင်ကလိုပါပဲ အဖေနဲ့
ကျွန်တော့်ရဲ့ ဆက်ဆံရေးက...
အမေကတော့ အေးအေးဆေးဆေးပဲ...
အလုပ်တွေ နားလိုက်ပြီ...
အကို့ မိဘတွေရော''
"အေး..နေကောင်းကြတယ်... စားသောက်ဆိုင်တော့ မဖွင့်ကြတော့ဘူး၊ အသက်အရွယ်လည်းရလာပြီဆိုတော့''
"ကျွန်တော့်တို့ မတွေ့ဖြစ်တာကြာပီနော်
၃ နှစ်လောက်ရှိမယ်၊
ကျွန်တော်လည်း နိုင်ငံခြားထွက်သွားကတည်းကဆိုတော့...
ဒါနဲ့.. အကို အိမ်ထောင်ကျပြီလား''
"မကျသေးဘူး Jeon ရ၊
ငါ လက်ထက်ဖို့ ရည်ရွယ်ထားတဲ့သူရှိတယ်၊
တစ်ရက်လောက်အားတဲ့အခါ
ငါတို့တွေ ဆုံရင်
ငါ့ ကလေးလေးနဲ့
မိတ်ဆက်ပေးမယ် လေ၊
မင်းလည်း ခေါ်လာခဲ့''
"ဟား..ဟ...အကိုကတော့ လုပ်ပြီ၊
ဟုတ်ပြီဗျာ...
ကျွန်တော့်တို့ ဆုံကြတာပေါ့ ၊
ဒါ ကျွန်တော့် Visiting Card''
"ရော့..ဒါ အကို့ဟာ''
...............
လည်ပင်းက နက်ကတိုင်ကြိုးအား ဆွဲရင်း...တဆစ်ဆစ်ကိုက်နေတဲ့ ခေါင်းအား သက်သာစေရန်..နားထင်အား လက်ချောင်းများဖြင့် ပွတ်တိုက်လိုက်သည်၊
YOU ARE READING
Unbelievable Forever 💙💙🖤 (Completed)