"အကိုယောင်း''
"မ တွေ့ရတာတောင် ကြာပြီ''
"မင်းဂီ နဲ့ ဟန်နာ...
ဆိုင်က အဆင်ပြေရဲ့လား
အကိုလည်း ဒီရက်ပိုင်း...
မျက်နှာလွှဲထားမိတယ်၊
အားနာလိုက်တာ၊
ကျေးဇူး လည်း အရမ်းတင်တယ်
မင်းတို့နှစ်ယောက်တည်း ပင်ပန်းနေရောပေါ့''"မဟုတ်တာ..အကိုရယ်..
အကိုယောင်းကို မင်ဂီ တို့ သတိရနေတာ''"အကိုယောင်း...အကို့ ချစ်သူ Jeon ရော သက်သာပြီလား ''
"အင်း..သက်သာနေပြီ''
"အကိုယောင်း...
ဒါရိုက်တာ Jeon က
အကို့ကို အတော်ချစ်ပုံပဲနော်....ဆေးရုံမတက်ခင်ကလေ...
အက်ိုယောင်းကို အပြေးအလွှား
လာရှာတာ..စိုးရိမ်တကြီးနဲ့..အကိုယောင်းနဲ့ အကိုဂျွန်း
အတူထွက်သွားတယ် ပြောတော့..
သူ လန့်သွားတယ်ထင်တယ်
ပြေးထွက်သွားတာ''"အဟမ့်...ဟန်နာ....
လျှာရှည်လှချည်လား...တော်တော့..
အကိုယောင်း...ညနေ ထိ ဆိုင်မှာ နေမှာ လား
ဒီနေ့တော့ Order အရမ်းမများဘူး...''ယောင်း...စိတ်မကောင်းဖြစ်သွားတဲ့ မျက်နှာကြောင့် စကားလမ်းကြောင်း လွှဲလိုက်တဲ့
မင်ဂီပါ
.
.
"အေး...အကို...
ညနေ ထိ နေမယ်..
မင်းတို့ နှစ်ယောက် နားချင်နားပါ...
အကို ဒီနေ့ ဆိုင်ပိတ်တဲ့ အထိနေမယ်''ညနေ ၇ နာရီရှိပြီ၊
မင်းဂီနဲ့ ဟန်နာ ကတော့ ပြန်သွားပြီ၊
ယောင်း လည်း ဆိုင်ပိတ်ချိန်ကျော်နေပြီ လို့...ရှင်းလင်းစရာ ရှိတာတွေ ရှင်းလင်းပြီး အခန်းမီးများ ပိတ်ကာ၊ ဆိုင် သော့ခတ်လိုက်သည်၊လေးလံသောအတွေးများနှင့် ခြေလှမ်းများဖြင့် Jeon ရဲ့ နေအိမ်သို့.....
အိမ်ရောက်တော့...ဧည့်ခန်းရှိ ဆိုဖာမှာ ထိုင်နေသော Jeon ... ယောင်း..ဝင်လာတာ..သိပင်မယ့် ဘာစကားမျှ မပြော...ယောင်း ကပဲ စပြောမိသည်...
"Jeon...ပြန်ရောက် တာ ကြာပြီလား....ညစာစားပြီးပြီလား''
"မစားရသေးဘူး...
ထယ့် အလာ ကိုစောင့်နေတာ''"ဟင်...နောက်ကျနေပြီ...
အရင် စားနှင့်တာ မဟုတ်ဘူး..
ခဏစောင့်ဦး..ဟင်းချက် လိုက်ဦးမယ်''
YOU ARE READING
Unbelievable Forever 💙💙🖤 (Completed)