#Unicode
Rosé ကျောင်းတွင် ဖုန်းကိုသာ စိုက်ကြည့်နေပြန်သောကြောင့် Jennie စိတ်မရှည်ဖြစ်နေသည်
"Ok Rosé ငါ သည်းမခံနိုင်တော့ဘူး နင် ဘာဖြစ်နေတာလည်း "
Rosé သက်ပြင်းချကာ သူမ ထိုင်ခုံကို မှီလိုက်သည်
"ဟိုတစ်ယောက်က Lisaလို့ ငါ ထင်နေတယ် "
Rosé စကားကြောင့် Jennie မျက်ခုံးပင့်ပြီး
"Lisa. ...Lisa Manoban လား ....Woow တော်တော်ထူးဆန်းတာဘဲ "
"ဘာကို ထူးဆန်းနေတာလည်း Jennie "
"နင်က Lisa manoban နာမည်ကို ဒီတိုင်း ရင်းရင်းနှီးနှီးနဲ့ပြောနေလို့လေ "
"သူက အဲ့လိုပြောခိုင်းတာကို "
"Aww ဟမ် နေပါအုံး နင်တို့ ထပ်ပြီးတွေ့ကြတာလား "
"ဟုတ်တယ်.... မနေ့က စာကြည့်တိုက်မှာ သူနဲ့တွေ့တယ် သူက ငါ့ကို ညစာဝယ်ကျွေးတယ် "
"ဟယ် မမျှော်လင့်ဘဲ တွေ့တာပေါ့ ဒါပေမယ့် သူလိုလူမျိုးက စာကြည့်တိုက်ကို ဘာလာလုပ်တာလည်း ထားပါတော့လေ Lisa Manobanက နင့်ဆီ စာတွေပို့နေတဲ့ တစ်ယောက်ဆိုတာ နင်ဘယ်လို တွေးလိုက်တာလည်း "
"ငါ့ဆီ စာပို့နေကျ တစ်ယောက်က ငါ့ကို babyလို့ အမြဲခေါ်တာ Lisaကလည်း အဲ့လိုဘဲ ငါ့ကို babyတဲ့.....ငါ သံသယဝင်လို့ အိမ်ပြန်ရောက်တော့ စာပို့တဲ့ တစ်ယောက်ဆီ ဖုန်းဆက်တော့ သူ့အသံက Lisa အသံကွာ "
"နင် မမေးလိုက်ဘူးလား "
"မေးလိုက်တယ် သူက Lisaဆိုတာ သက်သေပြတဲ့ ဟူးး "
"နင်ကရော သူက Lisaဆိုတာ သေချာလား "
"ငါ ငါလည်း မသိတော့ဘူး "
"မသိတော့ဘူးဆိုလည်း စာကိုအာရုံစိုက်တော့ မနက်ကတည်းက ဖုန်းဘဲ ထိုင်ကြည့်နေတာ နင် ဆရာတွေမိရင် အရိုက်ခံရမယ် "
Jennie ကြိမ်းမောင်းလိုက်တော့ Rosé သက်ပြင်းချလိုက်သည်
Lisa အလုပ်တွေအများကြီး လုပ်ပြီးနောက် လက်ဆန့်တန်းပြီး အကြောလျော့လိုက်သည်
ထို့နောက် ထိုင်ခုံကို ပြတင်းပေါက်ဘက်လှည့််ကာ အပြင်ဘက်က ဖြတ်သွားဖြတ်လာ ကားတွေကို ကြည့်ရင်း Rosé အကြောင်း တွေးမိပြီး ပြုံးမိသွားတယ်