Part 13

1.5K 177 14
                                    

#Unicode

Lisa ကျောင်းရှေ့ရောက်တော့ ကားရပ်လိုက်ပြီး Ros ရဲ့ လက်ကို ကောက်ကိုင်လိုက်သည်

"နေအုံး "

Rosမှာ ဘာပြောစရာ ရှိလို့လဲ ဆိုတဲ့ မျက်နှာထားလေးနဲ့ Lisaကို ကြည့်နေသည်

"ညနေကျ ကိုယ် ရှယ်ယာရှင် တစ်ယောက်နဲ့ တွေ့စရာရှိလို့ Jisooက မင်းကို ကျောင်းလာကြိုပေးလိမ့်မယ် ....ပြီးတော့ ကိုယ့်အတွက် မင်း တစ်ခု လုပ်ပေးနိုင်မလား "

"ဟုတ် ဘာများလည်း "

Ros မေးလိုက်တော့ သူမ မျက်နှာကို Lisa စိုက်ကြည့်ပြီး

"ကိုယ် မင်းကို ဘယ်ကောင်လေး အသားမှ ထိတာ မကြိုက်ဘူး သူတို့နဲ့ နီးကပ်နေတာလည်း မကြိုက်ဘူး ဒီတော့ ကိုယ်ပြောချင်တဲ့ အဓိပ္ပာယ် ကို နားလည်တယ် မဟုတ်လား "

သူမကို စိုက်ကြည့်နေတဲ့ Lisa မျက်ဝန်းကြောင့် Ros ထောင်ချောက်မိသလို ပိတ်မိသွားပြီး ငြိမ်ကျသွားသည်

Lisaမှာ ဘာမှပြန်မဖြေဘဲ သူမကို စိုက်ကြည့်နေတဲ့ Rosကြောင့် အူကြောင်ကြောင်နဲ့ ဖြစ်သွားသည်.....

Rosက တဖြည်းဖြည်း သူမ မျက်နှာနားကပ်လာသောကြောင့် Lisa ပိုထူးဆနျးသလျို ခံစားရပြီး Ros နှာခေါင်းလေးကို လက်နဲ့တောက်လိုက်သည်

"Ah. ..."

"ကိုယ်ပြောတာကို ကြားရဲ့လား "

"နာတယ် "

"Aww ကိုယ်က Serious ဖြစ်နေချိန် မင်းက ဘာလုပ်နေမှန်း မသိလို့ "

"ရှင် ပြောတာ ကြားပါတယ်ရှင် စိတ်ချ ဘယ်ကောင်လေးရဲ့ အနားမှ မကပ်တော့ဘူး ကန်တင်းထိုင်ရင်တောင် မိန်းမကြီး ရောင်းတဲ့ ဆိုင်မှာဘဲ ဝင်ထိုင်စားမယ် အဆင်ပြေလား "

Ros ရဲ့ စကားကြောင့် Lisa သဘောကျပြီး တခွီးခွီးရယ်လေသည်

"မှာချင်တာ ဒါဘဲမလား ဒါဆို သွားတော့မယ် တာ့တာ "

Ros လက်ပြနှုတ်ဆက်တော့ Lisa အပြုံးတွေ ပျောက်ကွယ် သွားသည်

ဘာလို့ဆို Ros လက်က အမာရွတ်တွေကို ထပ်ပြီး မြင်ရသောကြောင့် ဖြစ်သည်

Lisa ဘောပင်ကို လက်ဖြင့် လှည့်ရင်း မနက်က သူမြင်ခဲ့တာကို ပြန်တွေးနေသည်

Secret GuardianWhere stories live. Discover now