#unicode
Jennieတို့ကို ကျေးဇူးတင်စကားပြောပြီး Chaeyoungကို သူမ အိမ်သို့ Lisa ပြန်ခေါ်လာသည်
Chaeyoungကတော့ ပင်ပန်းလို့ဆိုပြီး အခန်းထဲသို့ သွားအိပ်နေသည်
Lisa သူမ အခန်းထဲတွင် ဖုန်းပြောခဲ့တဲ့ အကြောင်းတွေ ပြန်တွေးပြီး စိတ်တိုနေသည်
"Shit သူက ဘာကောင်မို့ ငါ့ကို လာခြိမ်းခြောက်နေတာလည်း fuck... "
Lisa စိတ်တိုပြီး အော်ဟစ်ကျိန်ဆဲကာ သူမရဲ့ laptopကို နံရံဘက်သို့ ပစ်ပေါက်လေသည်
ဆူညံသံတွေကြောင့် Chaeyoung အိပ်ပျော်နေရာက လန့်နိုးလာသည်
Lisa တစ်ခုခုဖြစ်နေတယ်ထင်ပြီး အိပ်ရာက အမြန်ထကာ Lisa အခန်းဘက်သို့ ပြေးသွားလေသည်
"Lisa တစ်ခုခုဖြစ်နေတာလား "
ရုတ်တရက် Chaeyoung တံခါးဖွင့်ပြီး သူမ အခန်းထဲ ဝင်လာသောကြောင့် Lisa လန့်သွားသည်
"အာ...... နိုးလာတာလား ကိုယ့်ကြောင့်ထင်တယ် တောင်းပန်ပါတယ် "
"ဟုတ်တယ် Lisaရဲ့ ဆဲသံနဲ့ ဆူညံသံကြောင့် လန့်နိုးလာတာ "
"အာ တောင်းပန်ပါတယ်.... ကိုယ့်ကြောင့်...."
"ရပါတယ် Lisa တစ်ခုခုဖြစ်နေလားဆိုပြီး စိတ်ပူလို့ ပြေးလာတာ....အခု ဘာဖြစ်လို့လည်း "
"အာ ဘာမှမဟုတ်ပါဘူး အလုပ်က stressတွေကြောင့်ပါ "
Chaeyoung ကို စိတ်မပူစေချင်လို့ Lisa လိမ်ပြောလိုက်သည်
"Aww သံပုရာရည် သောက်မှာလား Lisa. .....Chae ဖျော်ပေးမယ်လေ....."
"မသောက်တော့ပါဘူး Chae ရ ဒါနဲ့ ကိုယ် ပြောစရာရှိတယ်....."
"ဘာများလည်း "
"မနက်ဖြန်က စပြီး ကျောင်းသွားစရာမလိုတော့ဘူး "
Lisa စကားကြောင့် Chaeyoung လန့်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်
"ဘာလို့လည်း "
"ဒီနေ့ ကိစ္စလိုမျိုး ထပ်ဖြစ်မှာ ကိုယ် စိတ်ပူတယ် Chaeyoung. ...သူတို့က မင်းကို မရမချင်း နေ့တိုင်း နှောင့်ယှက်နေမှာ ကိုယ်ပြောတာ နားထောင်ပါ Chaeyoungရ "