Part 9

1.6K 175 8
                                    

#Unicode

Ros မျက်နှာနား Lisa တစ်ဖြည်းဖြည်း နီးကပ်လာသည်

Rosမှာ နှလုံးခုန်သံတွေ မြန်လာပြီး ရှက်လာလို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်

Lisaရဲ့ နှုတ်ခမ်း ဟာ  Rosရဲ့ နှုတ်ခမ်းနား ရောက်ခါနီးမှာတော့

"သခင်မလေး....... "

အခန်းတံခါးခေါက်တဲ့ Maid တစ်ယောက်ကြောင့် Lisaမှာ သူ အသည်းယားနေတဲ့ Rosကို မနမ်းလိုက်ရပေ

"အာ ရှူးပေါက်ချင်တာ '

Rosရှက်ပြီး Lisaကို တွန်းကာ သူမအခန်းထဲက အိမ်သာဘက်သို့ ပြေးသွားသည်

Lisaလည်း Rosရဲ့ ချစ်စရာကောင်းတဲ့အပြုအမူကို ကြည့်ပြီး ရယ်လိုက်သည်

အခန်းတံခါး ဆက်ခေါက်နေတဲ့ Maidကြောင့် Lisa စိတ်အနှောင့်အယှက်ဖြစ်ပြီး ခုန Rosကြောင့် ပြုံးနေတဲ့ မျက်နှာက ချက်ချင်းတည်သွားသည်

ထို့နောက် အခန်းတံခါးကို ဖွင့်ပြီး မျက်မှောင်ကြုတ်ကာ

"ဘာလည်း "

"Nickhun သခင်လေး ရောက်နေလို့ပါ "

"ဘာ "

Lisaလည်း သူမအိမ်ကို Nickhunရောက်လာတယ်ကြားတော့ Ros အခန်းထဲကနေ အမြန်ထွက်လာသည်

"Hey Lisa "

Lisa ဧည့်ခန်းထဲ ပန်းစည်းလေးကိုင်ပြီး ထိုင်နေတဲ့ Nickhunကို မြင်တော့ ရုပ်က ပိုတည်သွားသည်

"ဘာလည်း ဘာလာလုပ်တာလည်း ဘာလိုချင်လို့လည်း "

Lisa အငယ်တစ်ယောက်အနေနဲ့ ယခု အပြုအမူက ရိုင်းတယ်ဆိုတာ သိပေမယ့် ငယ်ကတည်းက ယောက်ျားလေးဖြစ်သူ Nickhun ကိုဘဲမိဘတွေက ဦးစားပေးလွန်းတော့ Lisa ခံပြင်းနေခဲ့ရသူ ဖြစ်သည်

"ဖြတ်သွားရင်း လမ်းကြုံလို့ ဝင်လာတာ အကိုဖြစ်သူကို မရိုင်းစမ်းနဲ့ Lisa "

Lisa ဘာမှမပြောဘဲ သူမအကိုကိုသာ စိုက်ကြည့်နေသည်

"အိမ်ကြီးက ကောင်းလိုက်တာ မင်း အိမ်ကထွက်သွားကတည်းက မင်းအိမ်ကို လာကြည့်မယ် လာကြည့်မယ်နဲ့ တွေးနေတာ ခုမှ ရောက်လာတော့တယ် "

"လိုချင်တာ ဘာလည်း ဝေ့လည်ကြောင်ပတ်မလုပ်ဘဲ ဖြေ "

"Daddyဆီက ငါ ကြားခဲ့တယ် သူ့ company တွေ အားလုံး ငါ့ကို ပေးတာ မင်းက မငြင်းဘဲ လက်ခံခဲ့တယ်ဆို "

Secret GuardianМесто, где живут истории. Откройте их для себя