Part 22

1.4K 176 9
                                    

#Unicode

After two days

Chaeyoung ခေါင်းလျှော်ပြီးနောက် မှန်တင်ခုံရှေ့တွင် တဘတ်လေးဖြင့် ဆံပင်တွေကို သုတ်နေသည်

ထိုစဥ် ရုတ်တရက် နှာခေါင်းသွေးတွေ စီးကျလာပြန်သောကြောင့် Chaeyoung သက်ပြင်းချပြီး မှန်တင်ခုံပေါ်က တစ်ရှူးနဲ့ သုတ်လိုက်သည်

Chaeyoung တကယ်တော့ ဆေးရုံကို ထပ်ပြရမှာဆိုပေမယ့် ဒီအိမ်ကို ရောက်ကတည်းက ဆေးရုံသွားပြခြင်းကို ရပ်လိုက်သည် 

"Chae. .."

Lisa အသံကြောင့် Chaeyoung သွေးတွေပေနေတဲ့ တစ်ရှူးကို အမှိုက်တောင်းထဲ အမြန်ပစ်လိုက်သည်

ထို့နောက် အခန်းတံခါးကို ဖွင့်ကာ

"Nae "

"ရုတ်တရက် ရှယ်ယာဝင်တစ်ယောက်က ပြဿနာလုပ်နေလို့ အဲ့တာ အခု  သွားတွေ့ရမှာ......ဟိုလေ.... နှစ်ယောက်တည်း ဆွေးနွေးစရာရှိတော့ Chaeကို ကိုယ်ခေါ်လို့မရလောက်ဘူး "

"Chae ကြောက်တယ်...."

"ကိုယ် အမြန်ဆုံးပြန်လာမှာပါ အိမ်တံခါးရော အခန်းတံခါးရော ပိတ်ထားနော် ...ကတိ "

Lisaပြောပြီး Chaeyoung နှုတ်ခမ်းလေးကို နမ်းလိုက်သည်

တကယ်တော့ Lisaလည်း Chaeyoung ကို တစ်ယောက်တည်း ထားခဲ့ရမှာ စိတ်မချပေ

သို့သော်လည်း တစ်ဖက်က ရှယ်ယာရှင်က မိန်းမလိုက်စားတတ်သူမို့ Chaeyoung ကျို မြင်ရင် တစ်ခုခုဖြစ်မှာဆိုးလို့ မခေါ်ရဲပေ

Chaeyoungလည်း Lisaရဲ့ အနမ်းတွေကို ပြန်လည်တုံ့ပြန်တဲ့အပြင် Lisaရဲ့ နှုတ်ခမ်းလေးကိုပါ ကိုက်လိုက်သေးသည်

"Ah လူဆိုးမလေး ရှယ်ယာရှင်နဲ့သွားတွေ့မှာပါဆို ကိုက်လိုက်သေးတယ် ဘာလည်း Lisa Manobanမှာ ပိုင်ရှင်ရှိတယ်လို့ တံဆိပ်ကပ်ပေးတာလား "

Lisa စကားကြောင့် Chaeyoungရှက်ပြီး မျက်နှာလေးနီရဲလာသည်

"ကဲ သွားတော့မယ်နော် ကလေးလေး "

Chaeyoung ခေါင်းလေးကို ပုတ်ပြီး Lisa ထွက်လာခဲ့သည်

Lisa အပြင်သွားနေတုံး Sira လည်းမရှိတာနဲ့ မုန့်လုပ်ပေးမယ့်သူမရှိလို့ Chaeyoung သူ့ဘာသာသူ ခေါက်ဆွဲပြုတ်စားကာ Kdrama ကြည့်နေသည်

Secret GuardianWhere stories live. Discover now