#Unicode
လေဆိပ်မှာ ရှိတဲ့ မိန်းကလေးအားလုံး ဆံပင် Blonde ဆိုးထားပြီး အနောက်တိုင်းဝတ်စုံဝတ်ကာ လမ်းလျှောက်လာတဲ့ ကောင်မလေးကို ကြည့်ဖို့ ဝရုန်းသုန်းကား ဖြစ်နေကြသည်ထိုကောင်မလေးကား တစ်ခြားသူမဟုတ် ထိုင်းနိုင်ငံကနေ Koreaကို ပြန်လာတဲ့ ဘီလီယံနာ သူဌေးမလေး Lisa Manobanပင် ဖြစ်သည်
"သူမကို ကြည့်ပါအုံး "
"Lisa...."
"သူ အရမ်းချောတာဘဲ အား မိုက်လိုက်တာ "
Lisa သူမဆံပင်ကို လက်ဖြင့်သပ်လိုက်တော့ မိန်းကလေးတွေမှာ ပိုပြီး စိတ်လှုပ်ရှားလာကြသည်
"Lisa ဘေးက သူ့သူငယ်ချင်း Jisooလည်း ချောလိုက်တာ တကယ် ကျက်သရေရှိတာဘဲ "
ကောင်မလေး တစ်ယောက် အော်သံကြောင့် Lisaနဲ့အတူ လျှောက်လာတဲ့ Lisa သူငယ်ချင်း ဖြစ်သူ Jisooမှာ ပြုံးမိသွားသည်....
Jisooဆိုတာ Lisaရဲ့ အခင်ရဆုံးအယုံကြည်ရဆုံး သူငယ်ချင်း ဖြစ်ပြီး အလုပ်နဲ့ပတ်သက်ပြီးလည်း အားအကိုးရဆုံး အကြံပေးသူဖြစ်သည်
Jisoo နေကာမျက်မှန်ကိုချွတ်လိုက်တော့ ကောင်မလေးတွေမှာ သဘောကျပြီး အော်ကြသည်
"အာ ဆူညံနေတာဘဲ Driver ဦးလေးကရော မလာသေးဘူးလား....."
"ငါ ထိုင်းလေဆိပ်မှာတုံးက သူ့ကို ဖုန်းဆက်ထားတယ် သူ အချိန်မှီလာခဲ့မယ်ပြောပြီး ခုထိမလာသေးဘူး "
"မြန်မြန်လာမှ ဖြစ်မယ် မဟုတ်ရင် နားစည်ကွဲသေလိမ့်မယ်...."
"ဟော သူလာပြီ "
Lisaတို့လည်း သူမတို့ကို လာကြိုတဲ့ ကားပေါသို့ တက်လိုက်ကြသည်
"Hey Rosé နင် ပြီးပြီလား "
Jennie မေးတော့ Rosé သူမရဲ့ Notebook စာအုပ်ကို ကျောပိုးအိတ်ထဲသို့ ထည့်လိုက်သည်
"အိမ်စာတွေ မှတ်ပြီးပြီ "
"ကဲ ဒါဆိုလည်း အိမ်ပြန်စို့လေ....."
အိမ်ပြန်မယ်ဆိုတဲ့ စကားကြောင့် Rosé မျက်နှာညှိုးသွားတာကို Jennie သတိထားမိသည်
Jennie ဆိုသည်မှာ သူမရဲ့ သူငယ်ချင်း Rosé မျက်နှာကို အရိပ်တကြည့်ကြည့် ကြည့်လာသူမို့ ဘာဖြစ်နေမှန်း တန်းသိသည်