#UNICODE
Rosé ကျောင်းက lockerထဲ သူမ စာအုပ်တွေထည့်နေစဥ် Jennieက သူမကို စိုက်ကြည့်နေသည်
"ဒီတစ်ချိန်ပြီးရင် အတန်းပြီးပြီနော့် Jennie "
Roséမေးပေးမယ့် Jennieကတော့ အတွေးထဲတော်တော်စီးမြောနေပုံရသည်...Roséမေးတာကို မဖြေဘဲ Roséကိုသာ စိုက်ကြည့်နေသည်
"Jennie.... "
Rosé အသံမြှင့်ပြီး ခေါ်ရင်း Jennie ပခုံးကို ဖြန်းခနဲရိုက်မှ Jennie အတွေးလွန်ရာက ရပ်ပြီး
"ဟင် ဘာ ဘာလည်း "
"နင် အဆင်ပြေရဲ့လား နင့်ကြည့်ရတာ အတွေးလွန်နေသလိုဘဲ "
"Rosé ငါ နင့်ကို မေးစရာရှိတယ် စိတ်မဆိုးဘူးမလား "
"ဘာမေးမလို့လည်း မေးလေ Jennie "
"Wendy ကပြောတယ် ဟိုးတလောက နင်နဲ့ Lisa မတော်တဆ တိုက်မိတယ်တဲ့ "
"အင်း ဟုတ်ရင်ဟုတ်မှာပေါ့ ငါတောင် သိပ်မမှတ်မိတော့ဘူး ဘာဖြစ်လို့လည်း "
"ဘာမှမဖြစ်ပါဘူး Lisa ကြည့်ရတာ ငါ့အတွက် ထူးဆန်းသလို ခံစားရလို့ "
"ထူးဆန်းတယ် ဟုတ်လား ဘယ်လိုမျိုးလည်း "
"ဒီလိုကွာ "
Jennieက ပြောမလို့ရှိသေး ကောင်မလေး တစ်ယောက်က သူတို့နှစ်ယောက်ဆီ လျှောက်လာပြီး
"Excuse Me "
Roséတို့ ကြည့်လိုက်တော့ အရမ်းလှတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ရသည်
"Umm ငါက အခုမှ ဒီကျောင်းကို ပြောင်းလာတဲ့ ကျောင်းသူအသစ်ပါ chemistry အတန်းကို လိုက်ရှာနေတာ မတွေ့လို့ "
"Well နင် ကံကောင်းတာဘဲ ငါတို့လည်း အဲ့အတန်းသွားမလို့ "
Jennie ပြုံးပြီး ပြောလိုက်တော့ ကောင်မလေးမှာ ပျော်သွားသည်
"တကယ်လား Oh my god ပျော်လိုက်တာ "
"နင့်နာမည်က... "
"Yeriပါ နင်တို့နဲ့တွေ့ရတာ ဝမ်းသာပါတယ် "
"ငါက Jennie သူက Rosé "
"ကျောင်းပြောင်းလာလာချင်း သူငယ်ချင်းအသစ်တွေရမယ် မထင်ထားဘူး ပျော်လိုက်တာ "
![](https://img.wattpad.com/cover/237416873-288-k791132.jpg)