#Unicode
Lisa သူမ အိမ်အနောက်ပန်းခြံထဲက ထိုင်ခုံမှာ ထိုင်ပြီး သူမကို သေနတ်နဲ့ ပစ်တဲ့သူက ဘယ်သူလည်းလို့ တွေးနေသည်
ထိုစဥ် ခြေသံကြားလို့ ကြည့်လိုက်တော့ Chaeyoungက သူ့ဆီလျှောက်လာတာကို တွေ့လိုက်ရသည်
"Lisaaaaaaaaaaaaaa"
Lisaရဲ့ နာမည်ကို Chaeyoung အကျယ်ကြီး အော်ခေါ်လိုက်သည်
"အာ အာပြဲစိန်လေး ဘာလို့ ကိုယ့်နာမည်ကို အကျယ်ကြီး အော်ခေါ်နေတာလည်း "
Lisa ရယ်ပြီး ပြောလိုက်သည်
"အခန်းထဲရှိမယ်ထင်လို့ သွားကြည့်တာ မတွေ့လို့လေ တစ်အိမ်လုံး နှံ့နေတာဘဲ လိုက်ရှာနေတာ "
Chaeyoung ပြောပြီး Lisa ဘေးနား ဝင်ထိုင်လိုက်သည်
"တစ်ခုခု လိုလို့လား Chae. .."
"Chae ပျင်းလို့...."
Chaeyoung ပြောပြီး Lsia ပေါင်ပေါ်လှဲအိပ်လိုက်သည်
"ပျင်းရင် တစ်ခုခုလုပ်နေလေ Chaeရ "
Chaeyoungရဲ့ ဆံပင်တွေကို ဆော့ကစားရင်း Lisa ပြောလိုက်သည်
"ဘာလုပ်ရမှန်းမသိဘူး "
"ဂစ်တာတီးနေပါလား "
"Ahh မတီးချင်ဘူး "
"ဒါဆို ဘာလုပ်ချင်လည်း.... "
Lisaတွေးနေစဥ် Chaeyoungက လက်ဖျောက်တီးပြီး
"သိပြီ "
"ဘာများလည်း "
"စကိတ်ဘုတ် "
"မရဘူး နိုးဘဲ စကိတ်ဘုတ်ရော စပိဘုတ်ရော ဘာမှ စီးမယ်မကြံနဲ့ "
Lisa မျက်စောင်းထိုးကာ Chaeyoungကို ပြောလိုက်သည်
"ဘာလို့လည်း တစ်ခါလောက် စီးချင်လို့ပါ တစ်ခါတည်း "
Chaeyoung နှုတ်ခမ်းစူပြီး Lisaကို ပူဆာလိုက်သည်
Lisa အသက်ကို ပြင်းပြင်းရှူထုတ်လိုက်သည် ဘာလို့ဆို Chaeyoung ရဲ့ Aegyoတွေအောက် သူမစိတ်ကို လွှတ်မချချင်.....Chaeyoung ထပ်ပြီး ထိခိုက်မှာ စိတ်ပူတယ်
"မရဘူးဆို မရဘူး "
"Lisa ကကွာ...."
"Chae ထပ်ပြီး ဒဏ်ရာရမှာ မလိုချင်လို့ "
