#Unicode
"ရှင် ကျွန်မအကြွေးတွေကို ပြန်မဆပ်နိုင်ဘူးဆို ရှင့်သမီးကို ကျွန်မ သိမ်းရလိမ့်မယ် "
"အ...အကြွေးတွေဆိုတာ ဘာကိုပြောတာလည်း "
"Miss Manoban ဆီမှာ ငါက ပိုက်ဆံချေးထားတာ.....အဲ့ချေးထားတာကို ငါက ပြန်မဆပ်နိုင်သေးဘူး..... "
"အဲ့တာကြောင့် အကြွေးမပေးနိုင်ဘူးဆို ရှင့်သမီးကို ကျွန်မ သိမ်းမယ်လို့ပြောတာ ကဲ ရှင် ဆုံးဖြတ် အခု အကြွေးပေးမှာလား ဒါမှမဟုတ် ရှင့်သမီးကို ကျွန်မလက်ထဲ ထည့်ပေးမှာလား....."
"အကြွေးဆပ်ဖို့ ပိုက်ဆံမရှိသေးဘူး ဒါကြောင့်မို့....... "
"Appa သဘောတူလိုက်တာလား"
Ros သူမပထွေး ဘာပြောမယ်ဆိုတာ သိလို့ ဖြတ်မေးလိုက်သည်
"ဟုတ်တယ်..."
သူမ ပထွေးရဲ့ အဖြေကြောင့် Ros ဘာမှမပြောတော့ဘဲ ခဏတွေဝေသွားတယ်
သူမ ပထွေးနဲ့ ဆက်နေရင် .....ဖြစ်လာမယ့် အကြောင်းအရာတွေ Ros ကြိုသိနေတယ်လေ.....
Lisaမှာ မျက်နှာပျက်နေတဲ့ Rosကို လှမ်းကြည့်ပြီး စိတ်မကောင်းဖြစ်နေသည်
"Princess...မင်းရဲ့ အရေးကြီးတဲ့ ပစ်စည်းတစ်ချို့သာ ထုတ်ပိုးလိုက်တော့......အဝတ်အစားတွေက ကိုယ် အသစ် ပြန်ဝယ်ပေးမယ် "
Ros ခေါင်းညိတ်လိုက်သည်....ထို့နောက် သူမကို ကြည့်နေတဲ့ Lisaကို ကြည့်ပြီး
"သူ့ကိုတော့ ဘာမှမလုပ်ဘူး မဟုတ်လား "
Rosမေးတော့ Lisa ခေါင်းညိတ်ပြီး Rosခေါင်းလေးကို ဖွဖွလေးကိုင်ကာ
"ကိုယ် ဘာမှမလုပ်ဘူးလို့ ကတိပေးတယ် "
Rosလည်း ခေါင်းညိတ်ပြီး သူမအခန်းထဲ ဝင်သွားလေသည်
Ros သူမ အခန်းထဲ ဝင်သွားတဲ့အထိ Lisa ရပ်ကြည့်နေသည်
Rosလည်း အခန်းထဲရောက်ရော ပြုံးနေတဲ့ Lisaမျက်နှာမှာ ရုတ်တရက် တင်းမာသွားပြီး Mr. Kim ကို လှမ်းကြည့်လိုက်သည်
"နားထောင် Mr. Kim.... အခုကစပြီး Rosရှေ့ ဘယ်တော့မှ ပေါ်မလာပါနဲ့ ပြောချင်တာက သူ့အနားမှာ ခင်ဗျားကို ထပ်မတွေ့ချင်ဘူး....သူက အခု ကျွန်မ ကာကွယ်မှုအောက်မှာ ရှိနေတာမို့ သူ့ကိုထပ်ပြီး ဒုက္ခပေးမယ်ဆိုရင် ဘာဖြစ်မယ်ဆိုတာ ရှင်သိတယ်မလား "
![](https://img.wattpad.com/cover/237416873-288-k791132.jpg)