#Unicode
Siraမှာ မုန့်လုပ်ပေးပြီး မီးဖိုခန်းထဲက ထွက်လာစဥ် Chaeyoung လက်ကို လှမ်းဆွဲတဲ့ Nickhunကိုမြင်ပြီး မီးဖိုခန်းထဲ ပြန်ဝင်သွားသည်
ထို့နောက် သူမ ဘောင်းဘီအိတ်ထဲက ဖုန်းကို ထုတ်ပြီး Lisa ဆီသို့ ဆက်လေသည်
Lisa တစ်ယောက် အလုပ်တွေပြီးလို့ အိမ်သို့ ကားမောင်းပြန်လာရင်း လမ်းတွင် Siraဆီက ဖုန်းဝင်လာလို့ ကိုင်လိုက်သည်
"Hello Sira "
"သခင်မလေး အိမ်ကိုအမြန်လာပေးပါ "
"ဘာဖြစ်လို့လည်း Sira. ..Chaeyoung များ တစ်ခုခု ဖြစ်တာလား "
Sira ရဲ့ စကားကြောင့် Lisa စိတ်ပူသွားသည်
"Nickhunရောက်လာပြီး Chaeyoung ကို ဆွဲလားရမ်းလားလုပ်နေလို့ "
"ချီးဘဲ....."
Lisa ဖုန်းချလိုက်ပြီး ကားကိုအရှိန်တင်မောင်းလိုက်သည်
Lisa သူမ ကားကို မိုင်ကုန်မောင်းနေတာ သိပေမယ့်လည်း သူမအသက်ထက် Chaeyoung တစ်ခုခုဖြစ်မှာကို အရမ်း စိတ်ပူနေသည်
Lisa ကားမောင်းရင်း စီယာတိုင်ကို ကျစ်ကျစ်ပါအောင် ကိုင်ထားပြီး အံကိုကြိတ်ထားသေးသည်
"Park Chaeyoungကို တစ်ခုခုလုပ်လို့ကတော့ အကို ဖြစ်နေပါစေ သောက်ဂရုမစိုက်ဘူး ပိတ်ရိုက်မှာ ချီးဘဲ "
Siraကတော့ ဘာမှမသိတဲ့ပုံစံနဲ့ မုန့်ဗန်းယူပြီး မီးဖိုခန်းထဲက ပြန်ထွက်လာသည်
"မမလေး မုန့်ရပါပြီ အော် အကိုလေးရောက်နေတာကိုး "
Siraလည်း မြင်ရော Chaeyoung ကို ဆွဲထားတဲ့ သူ့လက်တွေကို Nickhun ပြန်ရုတ်လိုက်သည်
"Lisaရော "
"သူ အခု အိမ်ပြန်လာနေပါပြီ "
"Aww ကောင်းပြီ...ထိုင်ပြီး မုန့်စားလေ ဟို တစ်ယောက် "
Nickhunတို့ ဆိုဖာတွင် မျက်နှာချင်းဆိုင်ထိုင်လိုက်ကြပေမယ့် Chaeyoung က Nickhunကို လုံးဝမော့မကြည့်ပေ
Siraကတော့ မလှမ်းမကမ်းကနေ အခြေအနေကို အကဲခတ်နေသည်
"ဒါနဲ့ Chaeyoung မင်းအကြောင်းတွေ ကိုယ့်ကို ပြောပြလို့ ရမလား "