#unicode
Lisa စိတ်ရှုပ်ပြီး သူမ ဆံပင်တွေကို လက်နဲ့ထိုးဖွလိုက်သည်
"တကယ်ဘဲ Moi ဆီကို သွားမလို့လား Chae. ..
Lisa မယုံနိုင်တဲ့ လေသံနဲ့ Chaeyoungကို မေးလိုက်သည်
"ဟုတ်..."
Chaeyoung ခေါင်းငုံ့ပြီး ဖြေလိုက်တော့ Lisa ပါးစပ်အဟောင်းသား ဖြစ်သွားတယ်
ကြားရတဲ့ သူ့နားသူတောင် Lisa မယုံနိုင်ဖြစ်နေသည် ....ဒီလောက် ပြဿနာတွေတက်ခဲ့ပြီး သူ့ကို စော်ကားဖို့အထိ ကြိုးစားခဲ့တဲ့သူဆီကို Park Chaeyoungက လူနာသွားမေးချင်ပါသတဲ့
"Chae. ..သူ့ကို ဘာလို့တွေ့ချင်နေရတာလည်း သူ မင်းကို လုပ်ခဲ့တာတွေ မေ့သွားပြီလား "
Chaeyoung မဖြေဘဲ ခေါင်းငုံ့ထားတော့ Chaeyoung ဆီ Lisa လျှောက်သွားပြီး Chaeyoung ကို ဆောင့်ဆွဲလိုက်
"ဒီမှာ ကြည့်စမ်း ဟိုကောင် ရိုက်ထားတဲ့ ဒဏ်ရာ မင်းမျက်နှာမှာ မပျောက်သေးဘူး အဲ့တာတောင် မင်းက.... "
"Lisa. ..သူ Chaeကို လုပ်ခဲ့တာတွေ မှတ်မိပါတယ်.... Chaeလည်း သူ့ကို သေလောက်တဲ့ထိ ရိုက်ခဲ့တာဘဲလေ အဲ့တာကြောင့်... တွေ့ချင်တာပါ....အားနာလို့..... သူလည်း Chaeကို အားနာနေလောက်မှာပါ "
"သူက...အားနာမယ်? ဟုတ်လား ....ဟားဟား ဟားဟားဟား "
Lisa ဟန်ဆောင်ရယ်လိုက်တာကို Chaeyoung သိသည်
"Moiနဲ့ ကိုယ် နေလာတာ ဟိုး ကလေးဘဝကတည်းက Moiက သူလုပ်တဲ့အရာတွေနဲ့ ပတ်သက်ပြီး အားနာတာ စိတ်မကောင်းဖြစ်သွားတာ တစ်ခါမှ မရှိခဲ့ဘူး Chae "
"ကောင်းပြီ Chae ဒါလေးတောင်းဆိုတာကို မလုပ်ပေးချင်ဘူးဆိုတော့....သိပါပြီ ရပါတယ် Lisa ...ဒီနေ့ စိတ်မပါလို့ Companyကို မလိုက်တော့ဘူး Bye "
Chaeyoung ပြောပြီး Lisa အခန်းထဲက ထွက်သွားသည်
"Chae. ..နေပါအုံး Princess. ..."
Chaeyoung စိတ်ကောက်နေတာ Lisaသိသည် သို့သော်လည်း ဒီတစ်ခါတော့ Chaeyoung ကို Lisa အလိုမလိုက်နိုင်ပေ
"ကိုယ် မင်းကို ကာကွယ်ဖို့ ကြိုးစားနေတာပါ...."
"အဲ့ဒီတော့ သူက စိတ်ဆိုးနေတာပေါ့ ဟုတ်လား "
