#Unicode
ကျောင်းဝန်းထဲက ထိုင်ခုံတစ်ခုံတွင် Jennieနဲ့ Chaeyoung တို့ ထမင်းစားချိန်မို့ ထိုင်ပြီး အနားယူနေကြသည်။
Jennie ကတော့ စာဖတ်နေပြီး Chaeyoung ကတော့ ဖုန်းဆော့နေသည်
ထိုစဥ် တစ်စုံတစ်ယောက်ရဲ့ အော်သံကို ကြားသောကြောင့် Jennie တို့ ထကြည့်မိလိုက်သည်
"Chawကို သွားခွင့်ပြုပါ "
"ငါတို့မေးတာကို ဖြေပြီးမှ သွား "
ကျောင်းသားကျောင်းသူတွေ အုံလာသောကြောင့် chaeyoung တို့လည်း ဝင်စပ်စုလေသည်
"အဲ့ကောင်မလေး ဘယ်မှာလည်း "
အနက်ရောင်ဝတ်စုံနဲ့ လူနှစ်ယောက်က ကျောင်းသူလေးရဲ့ လက်ကောက်ဝတ်ကိုဆောင့်ဆွဲပြီး မေးခွန်းတွေ မေးနေခြင်း ဖြစ်သည်
သန်မာတဲ့ အမျိုးသားနှစ်ယောက်မို့လို့ မည်သူမှ ဘာမှမပြောရဲဘဲ ငြိမ်ပြီး ရပ်ကြည့်နေကြသည်
"ငါတို့ မေးတာကို အမြန်ဆုံး ဖြေတာကောင်းမယ်နော် ကျောင်းသူလေး "
Chaeyoung မှာ ထိုလူနှစ်ယောက်ကို မျက်မှောင်ကြုတ်ကာ ကြည့်နေသည်
"အဲ့နှစ်ယောက်က ဘာလည်းဟ ".
"ငါလည်းမသိဘူး Chaeyoung "
ရုတ်တရက် ထိုလူထဲက တစ်ယောက်က ကျောင်းသူလေးကို ဆောင့်တွန်ပြီး
" Chaeyoung Parkက ဘယ်သူလည်း "
Chaeyoung မှာ သူမနာမည် မေးခံရသောကြောင့် လန့်သွားလေသည်
ကျောင်းသူတစ်ချို့ကလည်း သူမကို သိသောကြောင့် အကြည့်တွေက သူမဆီ ရောက်ကုန်သည်
"Park chaeyoung ကို မေးတာလား "
ကျောင်းသူတစ်ယောက်က သိချင်လို့ ဝင်မေးလိုက်သည်
"အေး Park Chaeyoung နေနေ Chaeyoung Parkနေနေ အတူတူဘဲ.....အဲ့မိန်းကလေး ဘယ်မှာလည်းသာ ပြော "
Jennieမှာ Chaeyoung ရဲ့ လက်ကို တင်းတင်းကြပ်ကြပ်ကိုင်ပြီး လူအုပ်ထဲကနေ မသိမသာ ဆွဲထုတ်နေသည်
Chaeyoung ရဲ့ နှလုံးခုန်သံတွေဟာ မြန်ဆန်လာပြီး ဒူးတွေလည်း တုန်လာသည်
