#Unicode
Company ကနေ ပန်းခြံကိုသွားတဲ့ တစ်လျှောက်လုံး Chaeyoung တော်တော်လေး စိတ်လှုပ်ရှားနေသည်
"Princess တော်တော်လေး စိတ်လှုပ်ရှားနေတာလား "
Lisa ကားမောင်းရင်း မေးတော့ Chaeyoung ခေါင်းညိတ်ပြသည်
"ပန်းခြံကို တစ်ခါမှ မရောက်ဖူးဘူး"
"Aigoo ဟုတ်ပါပြီ ကိုယ်လည်း မရောက်ဖူးဘူး "
Lisa မီးပွိုင့်က မီးနီနေလို့ ကားရပ်လိုက်စဥ် လမ်းဘေးက ပလက်ဖောင်းမှာ စကိတ်ဘုတ်စီးနေတဲ့ ကလေးအုပ်စုကို Chaeyoung ငေးကြည့်နေသည်
"စကိတ်ဘုတ်....."
Chaeyoung အသံကြောင့် Lisaလည်း လှမ်းကြည့်လိုက်သည်
"လိုချင်လို့လား Princess
"မဟုတ်ပါဘူး အဲ့တာက စျေးကြီးတယ် "
Lisaရဲ့ ပိုက်ဆံကို အလကားနေ မဖြုန်းတီးပစ်ချင်လို့ Chaeyoung ငြင်းလိုက်သည်
"စျေးကြီးတယ် ဟုတ်လား Chaeyoung မင်းလိုချင်တယ်ဆို ကိုယ်တစ်ခုမက ဝယ်ပေးနိုင်ပါတယ် "
"Lisa ပိုက်ဆံတွေကို အလကားနေ မဖြုန်းတီးပစ်ချင်လို့ပါ "
"Aww Chaeyoungလေးရယ် ကိုယ်ရှာသမျှ ပိုက်ဆံတွေအားလုံးက အခုရော နောင်ရော မင်းအတွက်ဘဲမို့ ဘာမှ အားနာစရာမလိုဘူးလေ..... "
"Miyanhae.... "
"တောင်းပန်စရာမလိုပါဘူး baby girlရ ကဲပါ စကိတ်ဘုတ်ဝင်ဝယ်ကြမယ် ပြီးရင် ပန်းခြံမှာ စီးကြမယ်လေ "
"Yeah. ...."
Lisaရဲ့ စကားကြောင့် Chaeyoung စိတ်လှုပ်ရှားပြီး လက်ခုပ်တီးကာ အော်လိုက်သည်
ပန်းခြံထဲတွင် Lisa သူမရဲ့ ရှည်လျားတဲ့ လက်နှစ်ဖက်ကို ဆန့်တန်းပြီး စကိတ်ဘုတ်ပေါ်က Chaeyoung ကို ထိန်းနေသည်
Chaeyoungကတော့ စကိတ်ပေါ်ကနေ ပြုတ်ကျမှာကို စိတ်ပူနေဟန်ပေါ်သည်
"Hey Chae. ..အဆင်ပြေရဲ့လား "
"ဟီး တစ်ခါမှမစီးဖူးတော့ နည်းနည်း စိတ်လှုပ်ရှားနေတာ .....အား အား ကြောက်တယ်...."
Chaeyoung လဲကျမလိုဖြစ်သွားလို့ အော်တော့ Lisaက ထိန်းပေးလိုက်သည်