#Unicode
Chaeyoung အိပ်ရာကနိုးလာပေမယ့် မျက်လုံးမဖွင့်သေးဘဲ မှိန်းနေသည်
Lisaကတော့ အလုပ်သွားဖို့ အဝတ်အစားဝတ်ရင်း Chaeyoung အခန်းထဲ ဝင်လာသည်
"Humm. ..."
"အိပ်ချင်နေတုံးလား ဒါဆို company ကို ခေါ်မသွားတော့ပါဘူး....အစက ခေါ်သွားမလို့ တွေးနေတာ....."
Chaeyoungရဲ့ အိပ်ချင်မူးတူးနဲ့ ရုပ်လေးကို ကြည့်ပြီး Lisa အသည်းယားနေသည်
"ခေါ်မသွားတာ ကောင်းပါတယ် "
အိပ်ချင်မူးတူး ဖြစ်နေတဲ့ Chaeyoung ကို အသည်းယားလွန်းလာလို့ Lisa မှာ Chaeyoung မျက်နှာလေးကို ငုံ့နမ်းလေသည်
"အန္တရာယ် ရှိတာတွေ မလုပ်ရဘူးနော် "
"Nae. ..."
Chaeyoung မျက်လုံး မှိတ်ရင်း ဖြေလိုက်သည်
"ခဏနေ ဆရာမ အိမ်လာမှာမို့ ထပြီး ပြင်ဆင်ထားနော် "
Chaeyoung ဘက်က တုံ့ပြန်မှုမရှိလို့ Lisa ကြည့်လိုက်တော့ ခေါင်းလေးစောင်းကာ အိပ်ပျော်နေတဲ့ Chaeyoungကို တွေ့လေသည်
"ဟူး ကလေးကျလို့.... Siraကိုဘဲ ငါ ပြောလိုက်တော့မယ် "
Lisa သက်ပြင်းချပြီး အိပ်ပျော်နေတဲ့ Chaeyoungရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်သည်
ထို့နောက် အိမ်အောက်သို့ ဆင်းလာပြီး
"Sira. ..."
"ဟုတ် သခင်မလေး "
"ကိုးနာရီလောက်ကျ Chaeyoungကို စာသင်ပေးမယ့် ဆရာမလာလိမ့်မယ် ရှစ်ခွဲလောက် သူ့ကို နှိုးပေးပြီး ပြင်ဆင်ခိုင်းထားနော် "
"အမိန့်တိုင်းပါ သခင်မလေး "
"Ok. ...'
Lisaလည်း မှာစရာရှိတာ မှာပြီး companyသို့ ထွက်လာသည်
Lisa တစ်ယောက် companyမှာ တော်တော်အလုပ်ရှုပ်နေတယ် ဘာလို့ဆို မနေ့က ရုတ်တရက် Chaeyoungကြောင့် companyကနေ ပြန်လာရသောကြောင့် ဖြစ်သည်
"Lisa "
Lisa စာရိုက်နေရင်း Jisoo အသံကြောင့် မော့ကြည့်လိုက်သည်
Jisooမှာ ဝမ်းနည်းနေတဲ့ မျက်နှာလေးနဲ့ Lisaကို ကြည့်ပြီး
"Lisa "
![](https://img.wattpad.com/cover/237416873-288-k791132.jpg)