#Unicode
Rosé လက်မောင်းကို ဆန့်တန်းပြီး အကြောဆန့်ကာ သမ်းလိုက်သည်
သူမ paper 4 အိမ်စာလုပ်နေတာ တစ်နာရီကျော်ကြာသွားပြီလေ.....Lisa ကလည်း အလုပ်ရှိသေးလို့ဆိုပြီး companyကို ပြန်သွားပြီး အလုပ်ကလည်း ညနေ ၆နာရီမို့
Rosé ပျင်းတာနဲ့ အိမ်စာတွေထိုင်လုပ်နေသည်အကြောဆန့်ပြီး ဘေးနားကိုပြန်ကြည့်တော့ baby pinkလေးတွေကြောင့် သူမ စိတ်အေးချမ်းရပြန်သည်
သူမ ပထွေးရော ခု ဘာလုပ်နေမလည်း Rosé စဥ်းစားကြည့်သည် ထုံးစံအတိုင်း လောင်းကစားလုပ်နေအုံးမှာပေါ့
Rosé အတွေးလွန်နေစဥ် ဖုန်းမြည်သံကြောင့် လန့်သွားတယ်
Yeriက သူမဆီ ဖုန်းခေါ်နေတာတွေ့လို့ အမြန်ဖုန်းကိုင်လိုက်သည်
"Hello..... "
"Rosé နင် င့ါအိမ်လာလည်မယ်ပြောပြီး အခုထိလည်း ရောက်မလာသေးဘူး တစ်ခုခုဖြစ်နေတာလား "
Yeriအသံက စိတ်ပူသံပါနေသည်......
"Oh ငါမေ့သွားတာ Sorryပါ Yeriရယ် "
"ရပါတယ် နင် ဘာမှမဖြစ်ဘူးဆိုရင် ဂင်ချားနား ဂင်ချားနား ငါက နင်တစ်ခုခုဖြစ်နေတယ်ထင်လို့ စိတ်ပူနေတာ"
"တစ်ခုခုကတော့ ဖြစ်သွားတယ် Yeriရ ငါ့ကို စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် "
"ဒါနဲ့ တစ်ခုခုဖြစ်သွားတယ်ဆိုတာ ဘာလည်း "
Rosé သူမ အကြောင်းကို Yeriကို ပြောပြရမလား မပြောပြရမလားဆိုတာ နှုတ်ခမ်းကို ဖိကိုက်ပြီး တွေးနေသည်
"Rosé are you there? "
"အင်း ရှိပါ့ "
"ငါ့ကို ပြောစရာရှိနေတာလား "
"အင်း ရှိတယ် ငါ ပြောပြမယ် နင် မလန့်သွားနဲ့နော် "
Rosé သက်ပြင်းချပြီး နောက်ဆုံးတော့ Yeriကို ပြောပြဖို့ ဆုံးဖြတ်လိုက်တယ်
"ငါ့ပထွေးလေ....ငါ့ကို Lisaဆီ ရောင်းစားလိုက်တယ် "
Yeriဆီက မိနစ်အတော်ကြာတဲ့ထိ Replyမလာသောကြောင့် Yeri သူမကို တစ်ခုခုထင်သွားမလားဆိုပြီး Rosé စိတ်ပူသွားသည်
![](https://img.wattpad.com/cover/237416873-288-k791132.jpg)