Unit(1) Unicode ver

1.8K 169 7
                                    

  ဆောင်းဦးရဲ့အအေးဒဏ်ကအရမ်းပြင်းတယ်ကောင်လေးကအေးတာကိုသဘောကျတယ် ကောင်လေးချစ်တဲ့သူကတော့ ရာသီဥတုအေးတာကို သဘောမကျဘူး ဒီအချက်ကစပြီး ကောင်လေးနှစ်ယောက်ကဆန့်ကျင်ဘက်။

        ကောင်လေးနာမည်က Lee Felix!!
       
        နံနက်ခင်း ငှက်လေးတွေ တကျီကျီမြည်နေတာက သာယာတယ် felixက အဲ့အသံလေးတွေကို သဘောကျတယ် ပြတင်းပေါက်လေးနားရပ်ပြီး အပြင်ကိုတစ်ချက်ကြည့်ကာ felix အောက်ထပ်ကိုဆင်းလာလိုက်တယ်။

"မေမေ lixie ဘာကူလုပ်ပေးရမလဲ"

"ရပါတယ် ဒီနေ့အပြင်သွားစရာရှိလား"

"ဟုတ်မေမေ hyunjinနဲ့အပြင်လိုက်သွားမလို့"

"ဟုတ်လား ဘယ်သွားကြမှာလဲ"

"ဟန်မြစ်မှာ စက်ဘီးသွားစီးမလို့တဲ့"

"ဟုတ်ပါပြီ အခုတော့လာထိုင် မနက်စာစားတော့"

         felix မနက်စာစားပြီး hyunjin အိမ်ဘက်ကိုထွက်လာလိုက်တယ်။
_________________________________
"အန်တီmina hyunjin ရှိလားဟင်"

"ရှိတယ်lixie အပေါ်မှာ"

"ဟုတ်ကျွန်တော် တက်သွားလိုက်မယ်"

*******************************
"hyunjin ငါဝင်လာမယ်နော်"

"အေး ဝင်လာခဲ့felix"

"ဘယ်အချိန်သွားမှာလဲ hyunjinie"

"ဒီနေ့ ငါ့ကောင်မလေးကအရေးတကြီးချိန်းလို့ သွားရမယ်felix sorryကွာ ကြိုမ
ပြောမိတာ"

"ရပါတယ် ဒါဆိုငါပြန်တော့မယ် mondayမှတွေ့တာပေါ့"

"တကယ်တောင်းပန်ပါတယ်နော် felix"

"သြော် ရပါတယ်ဆို ပြန်ပြီ"

         felix ပြုံးပြပြီးပြောလိုက်ပေမယ့် ရင်ထဲမှာမကောင်းဘူး သူတွေးထားတာ hyunjin နဲ့ဟန်မြစ်မှာစက်ဘီးသွားစီးမယ် မောရင်coffee လေးသောက်ပြီးနေဝင်ချိန်လေးကြည့်မယ်လို့ ဒါပေမယ့်အခုတော့မဟူတ်တော့ဘူး felix ခေါင်းငိုက်စိုက်ချပြီး အိမ်ကိုသာပြန်ခဲ့လိုက်တယ် အိမ်ရောက်တော့ အိပ်ယာပေါ်မှာလှိမ့်နေမိတယ်

"lixie မသွားသေးဘူးလား"

"အာာ မေမေ"

"မသွားသေးဘူးလား ၃နာရီတောင်ထိုးနေပြီ"

I wanted U (Complete)Where stories live. Discover now