felix hyunjinရဲ့မျက်လုံးကိုသေချာစိုက်ကြည့်ပြီး
"ငါကြောက်ခဲ့တာ"
"ဟင် ဘာကိုလဲ"
"ငါဖွင့်ပြောခဲ့တုန်းကမင်းငြင်းလိုက်မှာကို ဒါပေမယ့်ငါကြောက်နေသလိုပဲဖြစ်လာခဲ့ပါတယ် မင်းငြင်းလိုက်တုန်းကငါ့နှလုံးသားတစ်ခုလုံးသွေးစိမ်းရှင်ရှင်ကျလာသလိုခံစားချက်မျိုး ဒါပေမယ့် ငါမင်းကိုဘယ်တော့မှလက်မလျော့ခဲ့ဘူး မင်းငြင်းလိုက်လည်း ငါမင်းကိုချစ်သေးတယ် အမှတ်မရှိဘူးထင်ပါတယ် ငါကမင်းအတွက်ဆိုအရာရာဖြစ်ပေးချင်ခဲ့တယ် မင်းမူးနေတဲ့ညကအဖြစ်အပျက်ကငါ့ကိုသွေးပျက်လောက်အောင် တုန်လှုပ်စေတယ် ငါမင်းကိုကြောက်တယ် ဒါပေမယ့်ချစ်သေးတယ် ငါမင်းကိုမတွေ့ချင်ဘူး ဒါပေမယ့် သတိရတယ် ......... ပထမဆုံးနှင်းကျတဲ့နေ့က ငါဘာဆုတောင်းလည်းသိလား"
"..........ဟင့်အင်း"
"ငါမင်းနဲ့ဒီဘဝမှာတော့ပေါင်းဖက်ချင်တယ်လို့လေ နောက်ဘဝဆိုတာမသေချာဘူး မရှိတာလည်းဖြစ်နိုင်တယ် အဲ့ဒါကြောင့်ငါမင်းအချစ်ကိုရဖို့ နောင်ဘဝထိမစောင့်ချင်ဘူး .... အခုငါ့ရဲ့အတွေးထဲမှာတစ်ခုပဲရှိတယ် ငါမင်းကိုချစ်တယ်"
"တကယ်လား felix"
"အင်း.....နောင်တတွေမရချင်ဘူး လက်လွှတ်ဖို့မဖြစ်နိုင်လောက်အောင်ငါမင်းကိုချစ်မိနေလို့"
"မင်းရဲ့ခံစားချက်တွေကိုသိလိုက်ရလို့ ငါပျော်တယ် ဒါပေမယ့်တစ်ချိန်ထဲမှာပဲငါမင်းကိုအားနာတယ် တောင်လည်းတောင်းပန်ပါတယ် မင်းရဲ့ခံစားချက်တွေကိုထည့်မတွက်မိလို့ ငါ့အမှားတွေပါ"
"hyunjin လူတိုင်းမှားဖူးပါတယ် ဒါကမင်းအမှားမဟုတ်သလိုဘယ်သူ့အမှားမှမဟုတ်ခဲ့ဘူးလေ ဒါပေမယ့်ကံကြမ္မာကငါတို့ကိုဆုံစည်းခွင့်ပေးခဲ့ပြီပဲ အတိတ်ကိုမတွေးဘဲနေကြရအောင်"
ပြောရင်းပြုံးပြနေတဲ့felixကို hyunjin ဖက်လိုက်တယ် နှစ်ယောက်လုံးရဲ့မျက်နှာလေးတွေကအပြုံးတွေကြောင့်တောက်ပနေခဲ့တယ်
*******************************
"အန်တီ ကျွန်တော်တို့ဝင်လာလို့ရလား""အင်းဝင်ခဲ့လေ"