Unit (11) Unicode Ver

953 120 11
                                    

        နောက်တစ်နေ့မနက် felix လည်းကျောင်းပိတ်တာမို့အိပ်ရာထဲပဲလှိမ့်နေလိုက်တယ် တံခါးခေါက်သံကြားမှ ဖွင့်လိုက်တော့ မေမေ

"lixie အောက်မှာသူငယ်ချင်းတွေရောက်နေတယ်"

        felix လည်းဘယ်သူငယ်ချင်းလဲဆိုတာစဉ်းစားရင်း အောက်ကိုတဖြည်းဖြည်းဆင်းလာလိုက်တယ်

"သြော် seungminie တို့ပဲ ငါကဘယ်သူများလဲလို့"

"ငါတို့အပြင်လည်ကြမလို့ မင်းကိုလာခေါ်တာ"

"ဟင် ဟိုအဲ့ဒါကလေ"

"လိုက်သွားပါlixie ရဲ့အပြင်မထွက်ဘဲအိမ်မှာချည်းနေနေရင် မကောင်းဘူး"

"ဟုတ်မေမေ အဲ့ဒါဆိုခဏစောင့် အင်္ကျီလဲပြီးဆင်းခဲ့မယ်"

"အေးအေး"

        felix အင်္ကျီလဲပြီးမေမေ့ကိုနှုတ်ဆက်ကာ ထွက်လာကြတယ် ဘယ်ကိုသွားနေမှန်းမသိတာမို့သူငယ်ချင်းတွေခေါ်ရာနောက်ပဲလိုက်ခဲ့တယ်၊နာရီဝက်လောက်ကားစီးပြီးရောက်သွားတဲ့နေရာက ပန်းခြံလေး

"felix လာလေ"

"အင်းအင်း"

        felix တို့ရောက်တာနဲ့ မုန့်တွေဆီဦးတည်လိုက်တယ် အကြောင်းကတော့ changbinက ဒီပန်းခြံကပီဇာကကောင်းတယ်ဆိုလို့

"ပီဇာအချိုတစ်ခု အစပ်သုံးခုပေးပါ"

"ဘယ်သူကအစပ်လဲ"

"ငါအစပ်မစားဘူးနော်"

"ငါလည်းမစားဘူး"

"ငါကောပဲ"

"ငါလည်း အချိုပဲစားတာ"

"အဲ့ဒါဆိုဘာလို့အစပ်သုံးခုတောင်မှာတာလဲ"

        seungmin han နဲ့ felix တို့ကငြင်းနေတော့တယ် သိပ်မကြာခင်မှာ changbin မှာတဲ့အတိုင်း အစပ်သုံးခုအချိုတစ်ခုရောက်လာတယ်

"မှာထားတာတွေရပါပြီ"

"မင်းကလည်းနည်းနည်းပါးပါးမမေးဘူး အခုအစပ်တွေကဘာလုပ်မှာလဲ"

".........."

".........."

".........."

"..........."

"ရော့"       

        ရော့ဆိုတဲ့သုံးယောက်ပြိုင်တူပြောတဲ့စကားနဲ့အတူ လက်ထဲကျရောက်လာတဲ့ပီဇာအစပ်သုံးခုကြောင့် changbin သူ့သူငယ်ချင်းတွေကိုမော့ကြည့်လိုက်တယ်

I wanted U (Complete)Where stories live. Discover now