Unit (6) Unicode Ver

893 124 2
                                    

hyunjin ကfelix လက်ကိုရုတ်တရက် ကိုင်လိုက်တာမို့ felix လည်းလန့်သွားတယ်

"hyunjin နိုးပြီလား ဒဏ်ရာတွေကနာနေသေးလား"

"သိပ်တော့မနာတော့ပါဘူး"

"..........."

"..........."

        felix တို့နှစ်ယောက်ကြား တစ်ဖန်ပြန်တိတ်ဆိတ်သွားပြန်တယ် ပြောစရာမရှိတော့တာလည်း ဖြစ်နိုင်တယ် ဒါမှမဟုတ်ပြောစရာတွေများလွန်းလို့လည်း ဖြစ်နိုင်ပါတယ် တိတ်ဆိတ်လွန်းတော့ hyunjin က စကားပြန်စတယ်

"ငါ့ကိုဘယ်လိုရှာတွေ့တာလဲ"

"seungminie လာပြောလို့ ဘာလို့ရန်ဖြစ်တာလဲ"

"ဒီလိုပါပဲ"

        ထိုစကားပဲပြောပြီးပြတင်းပေါက်ဘက်လှည့်သွားတဲ့ hyunjin ကို felix မျက်တောင်မခတ်ဘဲစိုက်ကြည့်နေမိတယ် yena နဲ့ပြတ်သွားတာတစ်ရက်ဘဲရှိသေးပေမယ့် hyunjin ရဲ့ပါးမို့မို့လေးတွေက ပျောက်လုမတတ်~~
*******************************
"felix!!"

"hyunjin ပြန်တော့မလို့လား"

"အင်းအတူတူပြန်ရအောင်"

"........."

        hyunjin ပြောလိုက်တဲ့စကားကြောင့် felix မှာမတ်တပ်တောင်သေသွားသလို၊ပျော်လွန်းလို့ ပျံတောင်တက်သွားချင်နေတယ်

"felix!! felix "

"သြော် အင်း ပြန်ရအောင်လေ"

        felix လည်း hyunjin ကိုပြောရန်စကားစရှာနေမိတယ် felix ကတိတ်ဆိတ်တာတွေမကြိုက်ဘူး အထူးသဖြင့်hyunjin အရှေ့မှာတိတ်ဆိတ်မနေချင်ဘူး felix ရဲ့နှလုံးခုန်သံတွေကမူမမှန်တာကြောင့် hyunjin ကြားသွားမှာကိုကြောက်တယ်

"hyunjin တစ်ခုခုစားရင်မကောင်းဘူးလား"

"အင်း ဘာစားချင်လဲ"

        felix ပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့ကြည့်ပြီး တော့ပိုကီဆိုင်ကိတြွေ့တော့ လက်ညိုးလေးထိုးကာ

"အဲ့ဆိုင်သွားရအောင် hyunjin အဲ့ဆိုင်အရမ်းကောင်းတယ်"

"အင်း ကောင်းပြီလေ"
*******************************
"felix!!!"

"changbin shii han shiiလည်းရှိနေတာပဲ"

"တော့ပိုကီလာစားတာလား felix"

I wanted U (Complete)Where stories live. Discover now