hyunjin ကfelix လက်ကိုရုတ်တရက် ကိုင်လိုက်တာမို့ felix လည်းလန့်သွားတယ်
"hyunjin နိုးပြီလား ဒဏ်ရာတွေကနာနေသေးလား"
"သိပ်တော့မနာတော့ပါဘူး"
"..........."
"..........."
felix တို့နှစ်ယောက်ကြား တစ်ဖန်ပြန်တိတ်ဆိတ်သွားပြန်တယ် ပြောစရာမရှိတော့တာလည်း ဖြစ်နိုင်တယ် ဒါမှမဟုတ်ပြောစရာတွေများလွန်းလို့လည်း ဖြစ်နိုင်ပါတယ် တိတ်ဆိတ်လွန်းတော့ hyunjin က စကားပြန်စတယ်
"ငါ့ကိုဘယ်လိုရှာတွေ့တာလဲ"
"seungminie လာပြောလို့ ဘာလို့ရန်ဖြစ်တာလဲ"
"ဒီလိုပါပဲ"
ထိုစကားပဲပြောပြီးပြတင်းပေါက်ဘက်လှည့်သွားတဲ့ hyunjin ကို felix မျက်တောင်မခတ်ဘဲစိုက်ကြည့်နေမိတယ် yena နဲ့ပြတ်သွားတာတစ်ရက်ဘဲရှိသေးပေမယ့် hyunjin ရဲ့ပါးမို့မို့လေးတွေက ပျောက်လုမတတ်~~
*******************************
"felix!!""hyunjin ပြန်တော့မလို့လား"
"အင်းအတူတူပြန်ရအောင်"
"........."
hyunjin ပြောလိုက်တဲ့စကားကြောင့် felix မှာမတ်တပ်တောင်သေသွားသလို၊ပျော်လွန်းလို့ ပျံတောင်တက်သွားချင်နေတယ်
"felix!! felix "
"သြော် အင်း ပြန်ရအောင်လေ"
felix လည်း hyunjin ကိုပြောရန်စကားစရှာနေမိတယ် felix ကတိတ်ဆိတ်တာတွေမကြိုက်ဘူး အထူးသဖြင့်hyunjin အရှေ့မှာတိတ်ဆိတ်မနေချင်ဘူး felix ရဲ့နှလုံးခုန်သံတွေကမူမမှန်တာကြောင့် hyunjin ကြားသွားမှာကိုကြောက်တယ်
"hyunjin တစ်ခုခုစားရင်မကောင်းဘူးလား"
"အင်း ဘာစားချင်လဲ"
felix ပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့ကြည့်ပြီး တော့ပိုကီဆိုင်ကိတြွေ့တော့ လက်ညိုးလေးထိုးကာ
"အဲ့ဆိုင်သွားရအောင် hyunjin အဲ့ဆိုင်အရမ်းကောင်းတယ်"
"အင်း ကောင်းပြီလေ"
*******************************
"felix!!!""changbin shii han shiiလည်းရှိနေတာပဲ"
"တော့ပိုကီလာစားတာလား felix"
