Unit (2) Unicode Ver

1.1K 152 6
                                        

တနင်္လာနေ့ဆိုတော့ ကျောင်းတွေလည်းပြန်ဖွင့်ပြီ ဒီနေ့ကကျောင်းစတက်ရမယ့်နေ့ felix ကကျောင်းတက်ရတာကိုမုန်းတယ် သူကအိမ်မှာနေရတာကိုပဲသဘောကျတယ် ဒါပေမယ့်လည်း ကျောင်းတော့တက်ရဦးမယ်မလား

"lixie ရေချိုးနေတာလား"

"ဟုတ်မေမေ"

"အင်းအင်း ရေချိုးပြီးအောက်ဆင်းခဲ့မေမေအောက်မှာစောင့်နေမယ်"

"ဟုတ်ကဲ့"

*******************************
"lixie ကျောင်းကဘယ်အချိန်လဲ"

"၈နာရီမေမေ သြော် ခဏလေး"

         felix ဖုန်းတုန်ခါလာလို့ ဖုန်းကိုကိုင်လိုက်တယ် contact name က hyunjinတဲ့ felix ရဲ့အပြုံးလေးတွေတောက်ပသွားတယ် hyunjin ကဖုန်းဆက်တာဆိုတော့

"hyunjin ပြော"

"........."

"အင်း ငါခဏနေထွက်လာခဲ့မယ်လေ"

"........."

"မေမေ lixie သွားတော့မယ် hyunjin က လမ်းထိပ်မှာစောင့်နေတယ်တဲ့"

"အင်းအင်း နှစ်ယောက်လုံးကောင်းကောင်းသွားဦး"

*******************************
"hyunjin ငါဒီမှာ"

"ကြာလိုက်တာ ငါစောင့်နေတာကြာနေပြီ"

"ငါလည်း ဖုန်းချပြီးတာနဲ့ထွက်လာတာပါ"

"ထားပါတော့ သွားကြရအောင်"

"အာ!!!! ငါမေ့တော့မလို့ ခဏလေး"

        felix ဖုန်းကိုထုတ်လိုက်ပြီး contact တစ်ခုကို ဖုန်းခေါ်လိုက်တယ် တစ်ဖက်က ပြန်ဖြေသံက ချက်ချင်းမထွက်လာဘူး ခဏအကြာမှ

"ပြောfelix"

"seungmin မင်းပဲငါနဲ့အတူကျောင်းသွားမယ်ဆို"

"အာ!!!sorry felix ငါမေ့သွားတာ အိမ်ကညီလေးအတွက်ကျောင်းသွားဖို့ပြင်ပေးနေတာနဲ့"

"ရပါတယ် မင်းအခုဘယ်မှာလဲ"

"ကျောင်းသွားတဲ့လမ်းမကြီးပေါ်မှာ"

"သြော် အဲ့ဒါဆိုအဲ့နားလေးခဏစောင့် ငါတို့လည်းလာခဲ့မယ်"

"အင်းအင်း"

"ဘယ်သူလဲfelix"

"အာ ငါ့သူငယ်ချင်းလေ"

"ဘယ်တုန်းကရသွားတာလဲ"

I wanted U (Complete)Where stories live. Discover now