"felix!! felix အန်တီfelixနိုးပြီလား"
"မိုးအေးအေးနဲ့ကွေးနေလောက်တယ်ထင်တယ် မနိုလောက်သေးဘူး တက်သွားကြည့်လိုက်လေ"
"ရပါတယ် ကျွန်တော်ဒီမှာဘဲထိုင်စောင့်နေလိုက်မယ်"
"အေအေး ခဏနေနိုးလာမှာပါ ဒါဆိုထိုင်ဦးနော် အန်တီမနက်စာပြင်လိုက်ဦးမယ် hyunjin လည်းတစ်ခါတည်းစားသွားလေ"
"ဟုတ်ကဲ့"
**************************************************
မိုးအေးအေးနဲ့အိပ်ရာထဲလှိမ့်နေခဲ့တာ အောက်felixလို့ခေါ်တဲ့အသံကြားမှ လန့်နိုးသွားတယ်"မေမေခေါ်တာလား?"
"မေမေlixieကိုခေါ်.....သြော်hyunjin ဘာကိစ္စရှိလို့လဲ"
"မင်းဆီလာတာ"
"ဒီလောက်မိုးတွေရွာနေတာကိုလေ"
"ကားနဲ့လာတာပါ ငါအိမ်မှာတစ်ယောင်တည်းပျင်းလို့ မ
င်းနဲ့ရုပ်ရှင်တူတူလာကြည့်တာ""သြော် အဲ့ဒါဆိုခဏလေးနေဦး ငါမျက်နှာတွေဘာတွေသစ်လိုက်ဦးမယ်"
"အင်း"
felix တစ်ယောက်ပျော်လွန်းလို့ရင်ထဲမှာ အော်ဟစ်နေပေမယ့် အပြင်မှာတော့ပုံမပျက်နေလိုက်တယ် မျက်နှာသစ်ပြီး ပြန်ဆင်းလာတော့ မေမေနဲ့hyunjinကမနက်စာစားဖို့တောင်လုပ်နေကြပြီမို့ felix လည်းထမင်းဝိုင်းကိုသွားလိုက်တယ်
"မေမေ ဘာတွေလဲ မွှေးနေတာပဲ"
"hyunjinie ကြိုက်တယ်ဆိုလို့ချက်ပေးထားတာလေ"
"မေမေကလည်းlixieအကြိုက်ကျတော့မပါဘူး"
"သြော် lixieကမေမေ့သားပဲနေ့တိုင်းစားလို့ရတာပဲကို မေမေ့သမက်လေးကအိမ်လာလည်တုန်းစားရတာ"
မေမေပြောလိုက်တဲ့စကားကြောင့် felixသောက်နေတဲ့ရေတောင်သီးသွားတယ်
"မေမေ မဟုတ်....."
"ဟုတ်သားပဲ felix ကလည်းမေမေပြောတာမှန်တာပဲကို"
felix မေမေနဲ့hyunjin ကိုနားမလည်တဲ့မျက်လုံးတွေနဲ့ တစ်လှည့်စီကြည့်နေမိတဟ်
"ကဲစားရအောင်"
*******************************************
မနက်စာစားလို့လည်းပြီးရော felixမေမေကအပြင်သွားစရာရှိလို့ အိမ်မှာfelixနဲ့hyunjinပဲကျန်ခဲ့ကြတယ်