Unit (5)

426 33 23
                                    

         felix အိမ်ရောက်တာနဲ့ အင်္ကျီတောင်မလဲနိုင်ဘဲ အိပ်ယာထဲမှာပဲငိုနေမိတယ် hyunjin yena ကိုတကယ်ချစ်သွားမယ့်နေ့ကို felix ကကြောက်နေမိတာ အဲ့လိုနေ့တွေက felix အတွက်အခက်အခဲပဲ၊ felix လည်းငိုရင်းနဲ့ပဲအိပ်ပျော်သွားတယ် နိုးလာတော့ညတောင်ရောက်နေပြီမို့လို့အမြန်ထပြီး အောက်ထပ်ကမေမေ့ဆီကို ဆင်းလာလိုက်တယ်

"မေမေ"

"lixie ဗိုက်ဆာနေပြီလား"

"မဆာသေးဘူးမေမေ"

"ဒါဆိုခဏလေးစောင့်ဦးနော် မေမေဒါလေးချက်ပြီးရင်ပြီးပြီ"

"yes sir ဟဲဟဲ"

*******************************
        felix နဲ့မေမေထမင်းစားပြီး ရုပ်ရှင်တူတူထိုင်ကြည့်ကြတယ် ရုပ်ရှင်ကြည့်တာကြာလာတော့မျက်လုံးညောင်းလို့ felix ကမေမေ့ပေါင်ပေါ်ကို အိပ်ရင်းမျက်လုံးမှိတ်ပြီးမှိန်းနေတော့

"lixie နေမကောင်းဘူးလား"

"ကောင်းပါတယ် မေမေရဲ့ ဘာလို့..."

"lixie မျက်လုံးတွေလည်းနီနေပါလား"

        felix ရုတ်တရက်လန့်သွားပြီးမှ အမြန်ပြန်ထိန်းလိုက်ပြီး

"ဟုတ်လား ကျောင်းကပြန်လာတော့ ခဏအိပ်လိုက်လို့ထင်တယ်"

"သြော် အင်းပါ"

        felix လည်းရုပ်ရှင်ကြည့်ပြီး အပေါ်ကိုပြန်တက်လာလိုက်တယ် ပြီးတော့ အံဆွဲထဲက hyunjin ဓာတ်ပုံလေးကိုထုတ်
ပြီး felix တွေးတယ်

🍀ဘာလို့ပြုံးနေတာလဲအရူးလိုမျိုး ငါ့ရဲ့ခံစားချက်တွေကိုမသိဘဲနဲ့ ငါမင်းကိုဘယ်လောက်ချစ်လဲဆိုတာ မင်းမသိနိုင်ပေမယ့် ပြောပြချင်သေးတာ ငါ့မှာအဲ့လိုသတ္တိတွေမရှိခဲ့သလို အခုဆိုအခွင့်အရေးလည်း မရှိတော့ဘူးထင်တယ်

        felix မျက်ရည်တွေဝဲလာတယ် အတွေးတွေကို ဖုန်းမြည်သံက ဖျက်လိုက်တယ် ဓာတ်ပုံကို နေရာတကျပြန်ထားပြီး ဖုန်းကိုယူကြည့်လိုက်တော့ ခေါ်ဆိုသူက felix အခုလောလောဆယ်မတွေ့ချင်သေးတဲ့

"hyunjin ဘာလို့လဲ"

"ရပ်ကွက်ပန်းခြံကိုခဏလာခဲ့ပါလား"

*******************************
          ရပ်ကွက်ပန်းခြံကိုရောက်တော့ မြေကြီးကိုစိုက်ကြည့်ပြီး ထိုင်နေတဲ့ hyunjin နားကိုfelix သွားလိုက်ပြီး hyunjin နည်းတူမြေကြီးကိုစိုက်ကြည့်ပြီးတိတ်တိတ်လေးထိုင်နေလိုက်တယ်

I wanted U (Complete)Where stories live. Discover now