မျက်လုံးအစုံကိုထိုးလာတဲ့ နေရောင်ခြည်ကြောင့် felix မျက်လုံးလေးတွေလှုပ်လာတယ် felix ခေါင်းတွေကိုက်နေတယ် ဘာမှမတွေးနိုင်လောက်အောင်လည်း ပင်ပန်းနေတယ် felix လက်ကိုတစ်ခုခုက ကိုင်ထားတဲ့ခံစားချက်ကြောင့် မျက်လုံးလေးဖွင့်ကြည့်လိုက်တော့ hyunjin၊felix ခေါင်းလေးကို အနည်းငယ်စောင်းပြီး hyunjin ကိုပဲကြည့်နေလိုက်တယ်
🍀အရာအားလုံးကြောင့်ပင်ပန်းနေတဲ့အချိန်တွေမှာ မင်းမျက်နှာလေးက ငါအတွက်အားဆေးပဲ ဘာကိုမှခံနိုင်ရည်မရှိတဲ့ငါက မင်းအတွက်ဆိုအမြဲခွန်အားဖြစ်ပေးချင်ခဲ့တာ အခုတော့ငါကိုယ်တိုင်က ပြိုလဲလာနေပြီ hyunjinieမင်းသိရဲ့လား
hyunjin လှုပ်လာတာကြောင့် felix လည်းလန့်သွားတယ်
"ဘယ်အချိန်ထဲက နိုးနေတာလဲ felix"
"အခုလေးတင်ပဲ တစ်ညလုံးဒီလိုကြီး စောင့်နေတာလား hyunjin"
"အင်း သက်သာလား ခေါင်းမူးနေသေးလား အန်တီလည်းမင်းကို အရမ်းစိတ်ပူနေတယ်"
"အင်းသက်သာပါတယ်"
မေမေ့အကြောင်းကြားလိုက်ရတော့ felix စိတ်မကောင်းဘူး မနေ့ကမေမေ့ကိုဘာစကားမှမပြောဘဲ ထွက်ပြေးခဲ့တာမလား မေမေကfelix ကိုအရမ်းချစ်တယ်ဆိုတာ felix အသိဆုံးပဲလေ
"lixie နိုးပြီလား"
felix ကြားချင်နေတဲ့ မေမေ့အသံလေးကိုကြားလိုက်ရတာကြောင့် အမြန်လှည့်ကြည့်ပြီးမေမေ့ကိုဖက်ထားလိုက်တယ် hyunjin ကတော့အလိုက်တသိပဲ အခန်းပြင်ကိုထွက်သွားပြီး ဧည့်ခန်းထဲပဲထိုင်စောင့်နေလိုက်တယ်
"lixie တောင်းပန်ပါတယ်နော်"
"ဘာကိုလဲ ကလေးရဲ့"
"မေမေလည်း ပင်ပန်းနေခဲ့မှာပဲလို့ မတွေးပေးမိခဲ့လို့"
ရုတ်တရက်ပြောရင်းငိုလာတဲ့သားဖြစ်သူကြောင့်~~
"တကယ်တော့ဘယ်သူ့အပြစ်မှမဟုတ်ပါဘူး ကလေးရယ် lixieလည်း တောင်းပန်စရာမလိုပါဘူး မေမေကသာတောင်းပန်ရမှာပါ မေမေ့ကလေးလေး အခုဆိုအဖေမရှိဘဲဖြတ်သန်းရတော့မှာ"
"lixie ကဖေဖေ့ကိုချစ်တယ် ဒါပေမယ့် lixie ကမေမေ့ကိုပိုချစ်တယ် မေမေကlixie အတွက်အရာရာပဲမို့ အဆင်ပြေပါတယ်"
