felix နဲ့seungmin တို့ မပေါ်ဆုံးထပ်ကိုအမြန်ပြေးတက်လာလိုက်တယ် တခါးဖွင့်ဖွင့်ချင်း chnagbin ကိုhyunjin ကထိုးလိုက်တာကြောင့် felix အမြန်ပြေးသွားလိုက်တယ်
"hyunjin တော်တော့ မလုပ်နဲ့"
"ငါ့ကိုမတားနဲ့ lee felix ငါဒီကောင့်ကိုအသေသတ်ပစ်မှာ"
"မင်းသတ်ရဲရင်သတ်ပေါ့ ငါကသေရဲတယ်ကွ"
"ဒီ**ကောင်......"
hyunjin ကထိုးမလို့လာပြီး changbin ကပြန်ထလာပြီး
"မင်းထိုးနေတာအရမ်းများနေပြီ hyunjin အခုငါ့အလှည့်"
အဲ့လိုပြောပြီး ဘေးနားမှာထောင်ထားတဲ့ ခုံကိုယူကာ hyunjin ကိုရိုက်ရန်ပြင်ပြီးမှ felix ကhyunjin အရှေ့ကဝင်ကာလာတယ်
"တော်ပါတော့ changbin shii hyunjin ကိုမလုပ်ပါနဲ့ ကျွန်တော်တောင်းပန်ပါတယ်"
".......felix!!"
အံ့သြမှုတွေပြည့်နေတဲ့မျက်ဝန်းအစုံနဲ့ changbin ကfelix ကိုကြည့်နေမိတယ် felix ကြောင့်လက်ထဲကခုံကိုချလိုက်ပြီး
"felix ကြောင့်.....felix ကြောင့်မင်းကိုငါလွှတ်ပေးလိုက်မယ် နောက်တစ်ခါငါ့အသားကိုလာမထိနဲ့"
changbin ပြောပြီးလှည့်ထွက်လိုက်တယ် မျက်ရည်တွေစီးကျနေတာကိုတားဆီးပြီး အံတင်းတင်းကြိတ်လိုက်တယ်
🍰မင်းကြောင့် မင်းရဲ့မျက်နှာကြောင့် ငါ့ပြိုင်ဘက်ကိုအရှုံးပေးခဲ့ပြီ ဘာကိုမှအလျော့မပေးတတ်တဲ့ငါက မင်းနဲ့ကျမှ အလျော့ပေးခြင်းကို သင်ယူခဲ့ပြီ felix ငါမင်းကိုချစ်တယ်
*******************************
changbin ထွက်သွားတာနဲ့ felix ကhyunjin ဘက်လှည့်ပြီး hyunjin ကိုကြည့်တယ် နှုတ်ခမ်းထောင့်ကသွေးဆတစ်ချို့ကိုမြင်တော့ felix ရင်တွေနာရတယ်"ဆေးပေးခန်းသွားရအောင်hyunjin"
အဲ့လိုပြောပြီး hyunjin ရှေ့ကဖြတ်သွားကာ ဆေးပေးခန်းကိုဦးစွာလျှောက်လာလိုက်တယ် seungmin ကိုတော့ အတန်းကိုပြန်လွှတ်လိုက်တယ် ဆေးပေးခန်းရောက်တော့ hyunjin ကကုတင်လေးမှာထိုင်ပြီး felix ကတော့မတ်တပ်အနေအထားနဲ့ hyunjin နှုတ်ခမ်းထောင့်ကိုဆေးထည့်ပေးနေတယ်
