felix ဟန်မြစ်ကိုထွက်လာပြီး ခုံတန်းလေးမှာပဲ hyunjin အလာကိုထိုင်စောင့်နေလိုက်တယ် မကြာပါဘူး hyunjin လည်းစက်ဘီးလေးနဲ့ရောက်လာတယ်
"sorryနော်felix ရောက်တာကြာပြီလား ငါအခုမှနိုးလို့"
"ရပါတယ် ငါလည်းအခုမှရောက်တာ"
နှစ်ယောက်လုံး ဟန်မြစ်ကိုထိုင်ကြည့်ရင်း felix ကပဲစကားစတယ်
"တကယ်တော့ငါမင်းကိုပြောစရာရှိတယ်"
"အင်း ပြောလေ"
"ဟို အဲ့ဒါကလေ ပြောရင်မင်းစိတ်မဆိုးဘူးမလား"
"ပြောမှာသာပြောပါမင်းကလည်း သူငယ်ချင်းအချင်းချင်းပဲကို"
"ငါ့ကိုပိုက်ဆံလေးနည်းနည်းလောက်ချေးပါလား"
felix မျက်လုံးစုံမှိတ်ပြီး ပြောချလိုက်တဲ့စကား~
🍀သွားပြီ felix မင်သတ္တိတွေသဲထဲရေသွန်သလိုဖြစ်သွားပြီ ဘာတွေပြောလိုက်တာလဲ
felix သူပြောလိုက်မိတဲ့စကားကြောင့် ငိုချင်သလိုတောင်ဖြစ်သွားတဲ့ hyunjin ရယ်သံကြားမှ မျက်လုံးဖွငိ့ကြည့်မိတယ်"အဲ့ဒါများကွာ ဒီလိုကြီးကြီးကျယ်ကျယ်နေရာထိလာပြီး ပြောရလား ဖုန်းနဲ့ပြောလည်းရတာပဲကို ဘယ်လောက်လဲ"
"WON 10000"
"10000?? felix 10000ထဲကိုဒီလောက်နေရာအထိငါ့ကိုခေါ်စရာလားကွ"
hyunjin လည်းရယ်ပြီးရင်းရယ်နေတော့တယ် felix လည်း hyunjin ကိုကြည့်ပြီး ဘာဆက်ပြောရမှန်းမသိခဲ့ဘူး
"ရော့ ဒီမှာပိုက်ဆံ ငါသွားတော့မယ်နော်"
"တကယ်တော့!!!!!!"
ပြန်မလို့ထရပ်လိုက်တဲ့ hyunjin ကို felix ကပြန်တားတယ်
"ဟင်! ဘာလဲ?"
"ငါပြောချင်တာက ငါမင်းကိုသဘောကျလို့"
ဒီတစ်ခါတော့ နှစ်ယောက်လုံးပြောစရာစကားပြောက်ရှလို့ hyunjin က felix ကိုငုံ့ကြည့်နေပေမယ့် felix ကထိုင်နေတဲ့နေရာမှာ မျက်လုံးကြီးကိုမှိတ်ပြီး ခေါင်းကိုဆက်ငုံ့ထားဆဲ
"ဒီစကားပြောချင်လို့ ငါ့ကိုခေါ်လိုက်တာလား"
ရုတ်ချည်းအေးစက်သွားတဲ့ hyunjin အသံကြောင့် felix မျက်ရည်လေးတွေဝဲလာတယ်