Unit (9) Unicode Ver

837 120 6
                                    

      felix တစ်ယောက်နေ့လည်လောက်မှနိုးလာတယ် ဘေးဘီဝဲကြည့်လိုက်တော့ ဆန်ပြုတ်ပန်းကန်၊ဆန်ပြုတ်ပန်းကန်က အတော်လေးတောင်အေးနေပြီမို့ အောက်ထပ်ကိုပဲ ပြန်သည်လာလိုက်တယ်

"မေမေ!"

"နိုးလာပြီလား lixie အိပ်နေလို့မေမေကမနှိုးတော့တာ အဲ့ဆန်ပြုတ်မစားနဲ့တော့ ဒီမှာ lixie ကြိုက်တဲ့ ကြက်သားပေါင်းလာစား"

"ဟုတ်"

        felix နေရာကိုဝင်ထိုင်ပြီးကြက်သားပေါင်းစားနေရင်း အတွေးတွေက ဟိုရောက်ဒီရောက်ပါပဲ ခဏအကြာမေမေကလည်းfelixဘေးလေးဝင်ထိုင်ပြီး felix ဆံပင်လေးတွေကိုသပ်ပေးတယ်

"ကောင်းလား lixie?"

"ကြက်သားပေါင်းတွေထဲ မေမေပေါင်းပေးတဲ့ကြက်သားပေါင်းက lixie အကြိုက်ဆုံးပဲ"

"ငချွဲလေး"

        felix နှခေါင်းလေးကိုတို့လာတဲ့မေမေကြောင့် felix သဘောတကျရယ်နေလိုက်တယ် felix ကတစ်စုံတစ်ခုကြောင့်စိတ်ရှုပ်နေရင်တောင် မျက်နှာမှာထုတ်မပြတတ်ဘူး၊felixစားပြီးတော့မေမေသိုးမွှေးထိုးနေတဲ့နားသွားပြီး ကြောင်ပေါက်လေးလိုကပ်ချွဲပါတော့တယ်

"အားယိုး မေမေကကြောင်မွေးမိတာလားး?"

"အင်း ချစ်စရာကောင်းတဲ့ကြောင်ပေါက်လေး"

"မဟုတ်ဘဲနဲ့ ဘယ်သူပြောလဲ ချစ်စရာကောင်းတယ်လို့"

"မေမေပဲ မေမေ့သားလေးကလူချောလေးဆို ချောတယ်ဆိုထဲကချစ်ဖို့ကောင်းတာပါပါတယ်လေ မေမေရဲ့"

"အသည်းယားစရာလေး"

        felix မေမေလည်း သိုးမွှေးထိုးတာရပ်ပြီးကြောင်ပေါက်လေးလို လာကပ်နေတဲ့ သားလေးကိုပြန်ပွေ့ထားလိုက်တယ်

"မေမေ!"

"ရှင်"

".........."

".........."

".....တောင်းပန်ပါတယ်နော်"

"ဘာကိုလဲ ကလေးရဲ့"

"ဘာကိုပဲဖြစ်ဖြစ်တောင်းပန်ပါတယ် lixieကအခုတလောမေမေ့ကိုပါစိတ်ညစ်အောင်လုပ်မိနေလို့ ပြီးတော့မေမေအခုတလောပင်ပန်းနေတယ်ထင်လို့"

I wanted U (Complete)Where stories live. Discover now