ဒီနေ့တော့ felix အစောကြီးနိုးနေတယ် ရေချိုးပြီး အောက်ကိုဆင်းသွားတော့ မေမေမနက်စာလုပ်နေတာနဲ့ felix သူ့မေမေကို အနောက်ကနေဖက်ပြီး
"မေမေ lixie နိုးပြီ"
"အမယ် တယ်စောပါလား သြော် ဟုတ်သားဒီနေ့lixie ကျောင်းသွားရမှာကို မေမေမေ့နေတာ"
"ဟုတ်တယ် lixie လည်းကျောင်းမသွားချင်ဘူး မေမေနဲ့ပဲနေချင်တာ"
"အပိုပြောနေတာတွေရပ်ပြီး ကျောင်းသွားဖို့ပြင်တော့"
"ဟွန့် မေမေကလည်း"
felix လည်းအမေဖြစ်သူကို စိတ်ဆိုးချင်ယောင်ဆောင်ပြီး အပေါ်ထပ်တက်တာ ကျောင်းသွားဖို့ပြင်ဆင်လိုက်တော့တယ် ပြီးမှ
"မေမေ lixie သွားတော့မယ်"
"အင်း ဂရုစိုက်သွား"
*******************************
felix ကျောင်းအဝရောက်တော့ seungmin ကိုတွေလို့ပျော်သွားတယ် seungmin ဆီအမြန်ပြေးသွားလိုက်ပြီး"seungmin ဒီနေ့စောတယ်နော်"
"အိပ်ချင်မူးတူးနဲ့ ဘာတွေပြောနေတာလဲ felix ကျောင်းတက်ဖို့ ၁၀မိနစ်ပဲ လိုတော့တာကို"
"ဘာပဲဖြစ်ဖြစ်စောတာပဲလေ သူများတွေဆိုကွက်တိမှလာတာ"
"felix"
felix အမြဲကြားချင်နေတဲ့အသံလေးက လှမ်းခေါ်လိုက်တော့ felix မျက်လုံးလေးတွေ လက်သွားတယ် ချက်ချင်းဆိုသလိုအနောက်လှည့်ကြည့်လိုက်ပေမယ့် felix ချစ်ရတဲ့သူက သူ့ရဲ့တစ်ဦးတည်းသော လက်ရှိကောင်မလေးကို ဖက်ကာလက်လှမ်းပြနေတော့ felix မျက်လုံးလေးတွေဝမ်းနည်းတဲ့ဘက်ပြောင်းသွားတာကို seungmin ကသတိထားမိလိုက်တယ်
"hyunjin ဒီနေ့နောက်ကျတယ်နော်"
"ဟုတ်တယ် yena ကမနက်စာမစားရသေးဘူးဆိုလို့ ဝင်စားနေတာ"
"သြော်"
"seungmin နဲ့တူတူလာတာလား"
hyunjin မျက်နှာက အလိုမကျတဲ့ပုံဖြစ်သွားလို့ seungmin က မျက်ခုံးပင့်တယ်
"မဟုတ်ပါဘူး felix နဲ့ဒီအရှေ့ရောက်မှတွေ့တာ"
"သြော် ဒါဆို felix ငါတို့သွားတော့မယ်"
