Unit (3)

515 34 10
                                    

        felix အိမ်ပြန်ရောက်တာနဲ့ ရေမိုးချိုးထမင်းစားပြီး အခန်းထဲမှာ လှဲနေလိုက်တယ် ပြီးတော့ စာကြည့်စားပွဲကိုထသွားပြီး diary စာအုပ်လေးကို ထုတ်တယ် felix က diary ရေးရတာကိုသဘောကျတယ် ဒါကြောင့်ညဘက်တွေမှာ diary ရေးတယ် diary ပါအကြောင်းအရာတွေက hyunjin အကြောင်းတွေပဲပြည့်နှက်နေခဲ့တယ် ဟိုးငယ်ငယ်လေးထဲက felix က hyunjin ကိုသဘောကျခဲ့တယ် အလယ်တန်းအပြီးမှာတော့ felix ကသေချာသွားပြီ သူhyunjin ကိုချစ်တယ်လို့

*******************************
Flash Back
°°°°°°°°°°°°°°
        felix တို့မိသားစု တိတ်ဆိတ်ငြိမ်သက်တဲ့ ရပ်ကွက်လေးကို ပြောင်းလာခဲ့တယ် အဲ့အချိန်တုန်းက felix ကသုံးနှစ်သားလေး။ felixတို့ဘေးချင်းကပ်ခြံမှာ
felixနဲ့ရွယ်တူ ကလေးလေးတစ်ယောက် ရှိတော့ felix ရဲ့ဖေဖေနဲ့မေမေက ဝမ်းသာတယ် ကလေးလေးနှစ်ယောက်လုံးက တစ်ဦးတည်းသောသားလေးတွေ။ အိမ်ချင်းနီးတော့ မိဘချင်းအရမ်းရင်းနှီးလာကြတယ် felix နဲ့ကလေးလေးက ငယ်သူငယ်ချင်းတွေဖြစ်လာကြတယ် မူကြိုစတက်တဲ့နေ့မှာ ပြဿ      နာတစ်ခုဖြစ်ခဲ့တယ်

"felix ငါကဟိုဘက်အခန်းမှာနေရမှာတဲ့"

"ဟုတ်လား lixie ကဒီအခန်း"

"ငါကမင်းနဲ့ပဲနေချင်တာ"

        ငိုမဲ့မဲ့နဲ့ပြောလာတဲ့ သူငယ်ချင်းဖြစ်သူကို felix ကကြောင်တောင်တောင်လေးရပ်ကြည့်နေတယိ ဆရာမတစ်ယောက်က ကလေးလေးကိုအခန်းထဲဝင်ဖို့လာခေါ်တော့ ကလေးလေးက felix လက်ကိုကိုင်ပြီး အကြီးအကျယ်ငိုတယ်

" သားfelix နဲ့ပဲနေမှာ အဲ့အခန်းမှာမနေဘူး"

"မရဘူးလေ သားလေးရဲ့ သူငယ်ချင်းနဲ့သားနဲ့အခန်းမှမတူကြတာ"

        ကလေးငယ်လေးက ကြမ်းပြင်မှာ ထိုင်ချပြီးခြေထောက်နှစ်ချောင်းကိကြန်ကာ သည်းသည်းမည်းမည်းငိုတယ် felix ကသူငယ်ချင်းရဲ့လက်ကိုကိုင်လိုက်ပြီး မျက်ရည်တွေကို သုတ်ပေးတယ်

"မငိုရဘူးလေ jinieရဲ့ အခုခဏလေးပဲခွဲရမှာ lixieတို့ထမင်းစားချိန်လည်းတွေ့လို့ရတယ် အိပ်ချိန်လည်းတွေ့လို့ရတယ်လေ"

I wanted U (Complete)Where stories live. Discover now